ပရိတ်သတ်တွေအတွက် ရှောင်ကောကော တွေ အများကြီးပါတဲ့ ရုပ်ရှင်တစ်ကားတင်ဆက်ပေးလိုက်ပါတယ်။
ဖုဖန်းလို့ ခေါ်တဲ့ မြို့မှာအကြီးမားဆုံးဥပဒေ တစ်ခုရှိနေပါတယ်။
ဒါကတော့ နေဝင်ပြီ ဆိုတာနဲ့ မီးမထွန်းရတဲ့ ကိစ္စပါ။
မြို့သူ မြို့သား တွေအဆိုရတော့ ဖုဖန်း မှာ ညဘက် မီးထွန်းရင် သရဲကြီးတစ်ကောင်ပေါ်လာပြီး လူတွေကို လိုက်ပြီး အသက်နှုတ်တယ်လို့ နာမည်ကြီးပါတယ်။
ညဘက် မီးထွန်းမိရင် အကုန်သေကြတာပါပဲ။
ထို ပြဿနာကို ဘယ်သူမှ မရှင်းနိုင်ပဲ မြို့မှာ လူတွေသေပြီး တစ်ဖြေးဖြေး လူဦးရေနည်းပါးပြီး ခြောက်ကပ်ကပ် ဖြစ်သွားခဲ့တာပေါ့။
တစ်ရက်မှာတော့ ဒီလို ကပ်ဘေးသင့်နေတဲ့ ဖုဖန်း မြို့ဆီကို အနက်ရောင် ဝတ်စုံ ဝတ်ထားတဲ့ လူငယ်တစ်ယောာက် ရောက်လာပါတယ်။
သူကတော့ သေလျက်နဲ့ ရှင်နေတဲ့ သူလို့ အများက သိကြတဲ့ ဝမ်နင် ဆိုတဲ့ သရဲနိုင်တဲ့ သိုင်းသမားပါပဲ။
ဝမ်နင် ရောက်လာပြီးနောက် ဖုဖန်းမြို့ ရဲ့ ပြဿနာတွေကို တစ်ခုချင်းစီ လိုက်လံရှာဖွေပြီး ရှင်းလင်းဖို့ လုပ်ဆောင်ပါတော့တယ်။
ရှောင်ကောကော တွေကိုလဲ ငေးမယ် သိုင်းကားလဲ ကြည့်မယ်ဆို ဒီ ရုပ်ရှင်ကားက အသင့်တော်ဆုံးပါပဲ။
မင်းသား မင်းသမီး တွေက အားလုံး အချောလေးတွေပါပဲ။
ဇာတ်လမ်းကလဲ ကောင်း သိုင်းကားလဲ ဖြစ်ပြန် ဘာလိုသေးလဲ….Crd: Channel Myanmar
Related