အခု ပရိသတ်တို့ကို မိတ်ဆက်ပေးမဲ့ ကားလေးကတော့ စိတ္တဇဆန်ဆန် Thriller ကားတစ်ကားပါ။
ဇာတ်လမ်းလေးကတော့ Garrettတစ်ယောက် သူ့အသက်၁၀နှစ်ပြည့်တုန်းက Vermontမှာ မွေးနေ့ပွဲကျင်းပတဲ့ ဖြစ်ရပ်ပဲ ထူးထူးဆန်းဆန်း အတိတ်မေ့သွားခဲ့တယ်။
အဲ့အတွက် ကုထုံးတွေ မျိုးစုံလုပ်ပြီး ပြန်သတိရအောင် လုပ်ခဲ့ပေမဲ့လဲ ဘာမှ မထူးခဲ့ဘူး။
တစ်နေ့မှာ အဲ့Vermontက လူတစ်ယောက် သူနဲ့ လာဆက်သွယ်ပြီးတော့ သူ့အတိတ်မေ့ရတဲ့ အကြောင်းအရင်းက ပုံမှန်မတော်တဆဖြစ်တာ မဟုတ်ပဲ နောက်ကွယ်မှာ တစ်ခုခုရှိနေတာကို သိသွားတဲ့အခါ Garrett တစ်ယောက် Vermontမှာ ပဟေဠိဘယ်လို ဖြေရှင်းမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။
Rating အားဖြင့်တော့ နိမ့်နေပေမယ့် ကြည့်လို့ကောင်းတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်…. Crd: Channel Myanmar
Related