အခုတခါမှာတော့ ဆန်းဆန်းပြားပြားကားလေးကို ပရိတ်သတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါတယ်။
နာမည်ကတော့ The Man Without Gravity(2019)ပါ။မြန်မာလိုဆိုရင် မြေဆွဲအားမသက်ရောက်တဲ့လူသားပေါ့။
နာမည်အတိုင်းပါပဲ ဒီဇာတ်ကားလေးဟာ မွေးလာကတည်းက လေပေါ်ပေါ်နေတဲ့ ကောင်လေးတစ်ယောက်အကြောင်းရိုက်ကူးထားတာပါ။
မိုးသည်းတဲ့တစ်နေ့မှာ မွေးဖွားလာတဲ့ကောင်လေးတစ်ယောက်က အမိဝမ်းကထွက်ထွက်ချင်း လေပေါ်ကို ပျံသွားပါတယ်။
သူ့ကိုအဖွားဖြစ်သူနဲ့ အမေဖြစ်သူက ဒီအကြောင်းကိုအများသူငှာသိသွားခဲ့ရင် အန္တရာယ်ဖြစ်မှာစိုးတဲ့အတွက်အိမ်ထဲမှာပဲ သိုဝှက်နေထိုင်ခဲ့ပါတယ်။
တစ်နေ့တော့ အဲဒီ အော်စကာဆိုတဲ့ကောင်လေးဟာ အိမ်ကနေထွက်သွားပြီး အပြင်လောကကြီးကို ခြေဆန့်ပါတော့တယ်။
သူဘာတွေဆက်ဖြစ်မလဲ? အများသူငှာကရော သူ့အစွမ်းကိုဘယ်လိုတုံ့ပြန်မလဲ? စတဲ့မေးခွန်းပေါင်းများစွာနဲ့ ကြည့်လို့ကောင်းတဲ့ကားလေးပါ။ စူပါဟီးရိုးတစ်ယောက်ကို မြင်တွေ့နေကြရှုထောင့်ကမဟုတ်ပဲ ရှုထောင့်အသစ်ကနေ ရိုက်ကူးတင်ဆက်ထားတဲ့ကားလေးပါ……Crd: Channel Myanmar
Related