2018 ထဲက ရှားရှားပါးပါး ရုံတင်ထားတဲ့ ငါးမန်းရုပ်ရှင် The Meg ကို တင်ဆက်ပေးလိုက်ပါပြီ။
The Meg 2018 ရုပ်ရှင်ကားဟာ ကမ္ဘာအကြီးဆုံး ငါးမန်းမျိုးနွယ်ဖြစ်တဲ့ Megalodon ဟာရေအောက် လေ့လာရေးစခန်းကို တိုက်ခိုက်တဲ့ သည်းထိတ်ရင်ဖို ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။
လူတိုင်းချစ်ကြတဲ့ အက်ရှင်မင်းသား Jason Statham က ခေါင်းဆောင် ပါဝင်ထားပြီး တရုတ်မင်းသမီးချောလေး Bingbing Li လဲ ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်း ပုံစံကတော့ မာနာဝမ် ဆိုတဲ့ ရေအောက်လေ့လာရေး သုတေသန အဖွဲ့ဟာရေအောက် အနက်ဆုံးကြမ်းပြင်သို့ လေ့လာရေး အဖွဲ့ကို စေလွှတ်ပြီး မျိုးစိတ်အသစ်များကို လေ့လာစေခဲ့ပါတယ်။
ဒါပေမယ့် ကြောက်မက်ဖွယ်ကောင်းတဲ့ အနက်ဆုံးရေအောက်ကြမ်းပြင်မှာနှစ်ချို့ သတ္တဝါကြီးတွေ ကျက်စားရာ ဒေသ ဖြစ်ပြီး အမျိုးအမည်မသိသတ္တဝါ အချို့ ရဲ့ တိုက်ခိုက်မှုကို ခံရပြီး ရေငုတ်ယာဉ်ငယ် ဟာလေ့လာရေး စခန်းနဲ့ အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။
ဒီနောက်မှာတော့ အားလုံးကို အဆက်ဖြတ်ပြီး ထိုင်းနိုင်ငံမှာ အနားယူနေတဲ့ ရေအောက်ကယ်ဆယ်ရေးကျွမ်းကျင်သူဂျိုးနက်စ် ကို သွားပင့်ရပါတော့တယ်။
အင်မတန် ချေနေတဲ့ ဂျိုးနက်စ် က ပိုက်ဆံဘယ်လောက်ပေးပေး မလိုက်ဘူးဆိုပေမယ့် အဲ့ဒီ ပျောက်သွားတဲ့ လေ့လာရေး ရေငုတ်ယာဉ်ငယ် တွင်သူ့ Ex ပါ ပါသွားတာကို သိခဲ့ရပြီး ကယ်ဆယ်ဖို့ လိုက်သွားပါတော့တယ်။
ဂျိုးနက်စ် တစ်ယောက် ပင်လယ်ရေအောက်ကြမ်းပြင် မှာ ဒုက္ခရောက်နေတဲ့သူတွေကိုဘယ်လို ကယ်တင်နိုင်မလဲ မမြင်ရတဲ့ သတ္တဝါကြီးတွေက ဘာတွေဖြစ်မလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါစို့လား……Crd: Channel Myanmar
Related