ဒီဇတ်ကားလေးက Queen of the spades နဲ့ Bride တို့ရဲ့ ဒါရိုက်တာ (ကြောက်လန့်စရာဇာတ်ကားတွေဘဲရိုက်တဲ့ ရုရှားဒါရိုက်တာ)ရိုက်ကူးထားတဲ့ တတိယံမိ ဇတ်ကားကောင်းတစ်ကားလေးဘဲဖြစ်ပါတယ်။
ရှေ့ကထွက်ထားတဲ့ ဇာတ်ကားတွေနည်းတူ ခြောက်လန့်မှုတွေပဟေဋ္ဌိတွေနဲ့တည်ဆောက်ထားပုံကလည်း
ဇာတ်ကားရဲ့ ဆွဲဆောင်မှုတစ်ခုဘဲဖြစ်ပါတယ်။
ဒီဇတ်ကားလေးကတော့ ရေကန်ထဲက မိန်းမတစ်ယောက်ဇာတ်ကွက်နဲ့ အစပျိုးထားပါတယ်။
လူသူမနေတဲ့ အိမ်နားက ရေကန်ထဲမှာ ရိုးမားတစ်ယောက် ရေသွားကူးရင်းနဲ့ ရေသူမတစ်ယောက်နဲ့ဆုံခဲ့လေတယ်။
အဲ့ချိန်ကစပြီးတော့ ရိုးမားတစ်ယောက် ပုံမှန်မဟုတ်တာတွေ ဖြစ်လာတော့တယ်။ ဒါကိုရိပ်မိတဲ့ သတို့သမီးလောင်းက အခြေအနေကိုရိပ်စားမိကာ အဲ့အိမ်အိုနဲ့ ရေကန်ဆီကိုသွားခဲ့တယ်။
ကျိန်စာသင့်နေတဲ့ သတို့သား အတွက် သတို့သမီးက ရေသူမ နဲ့ ဘာတွေ အပေးအယူလုပ်ရမလဲ။
ဆက်ပြောနေရင်ဇာတ်လမ်းပေါ့သွားမှာစိုးလို့ ကိုယ်တိုင်ဘဲကြည့်ရှုခံစားလိုက်ပါနော်…သရဲကားကြိုက်တတ်တဲ့ Hardcoreဖန်တွေအတွက်ကတော့ ဒါက ဇာတ်လမ်းကောင်းတစ်ခုဖြစ်နေတယ်ဆိုတာ ကြိုတင်သတင်းကောင်းပါးလိုက်ပါရစေ….Crd: Channel Myanmar
Related