ဒါလေးကတော့ IMDb rating 7.2တောင်ရထားတဲ့ ဂျာမန်ဆက်ကျော်သက် Comedy/Musical Romaceကားလေးပါ။
ဆီရီဆိုတဲ့ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ကသူ့နှာခေါင်းကအရမ်းကြီးနေတာကြောင့် အမြဲစနောက်ခံနေရပြီးသူ့လိုရုပ်ဆိုးတဲ့သူကိုကြိုက်မယ့်သူမရှိဘူးလို့ပဲမှတ်ယူထားတာပါ။
ဒါပေမယ့်သူဟာအများထင်သလို အရူံးသမားတစ်ယောက်မဟုတ်ဘဲ အမြဲစာတွေဖတ်ပြီး freestyle rap battleတွေကိုမျက်နှာဖုံးစွပ်ပြီး သွားပြိုင်နေတဲ့ချာတိတ်တစ်ယောက်ပါ။
တစ်နေ့သူတို့ကျောင်းလေ့လာရေးခရီးထွက်တဲ့နေ့မှာ ကောင်မလေးအသစ်တစ်ယောက် ကျောင်းပြောင်းလာပါတယ်။
သူနဲ့အကြိုက်တွေတူတာကြောင့် ဘော်ဒါတွေဖြစ်သွားပေမယ့် စော်လေးက သူတို့အတန်းထဲက ရုပ်တော်တော်ချောပေမယ့် အရမ်းတုံးပြီးစကားမပြောရဲတဲ့ကောင်လေးကိုသွားကြိုက်ပါတယ်။
ဒီကားမှာတော့ဆီရီတစ်ယောက် သူ့ဘေးကစော်အလန်းလေးအဆင်ပြေအောင် ချောတဲ့ငတုံးကောင်လေးကိုအစအဆုံးလိုက်ကူညီနေရတာတွေ၊ ဂျာမန်rap battleတွေနဲ့ ဟာသလေးတွေကိုရှုစားရမှာပါ။ (ကြမ်းတမ်းသောစကားလုံးများပါဝင်ပါသည်။)….Crd: Channel Myanmar
Related