ကျွန်တော်တို့ ဗုဒ္ဓဘာသာအယူအဆမှာ အသူရကာယ်တွေ ဘီလူးမိစ္ဆာတွေရှိကြသလို အနောက်တိုင်းလောကမှာလဲ အဲ့ဒီလိုပုံစံလေးတွေရှိပါတယ်။
သူတို့အခေါ်တော့ The Demon နတ်ဆိုးတွေပေါ့။ နတ်ဆိုးလို့ပြောလိုက်ပြီဆိုတာနဲ့ Conjuring Universe က Crooked Man တို့ The Nun တို့ကိုပြေးမြင်မိကြမှာပါ။
The Nun ဆိုတာနဲ့ မျက်နှာအဖွေးသား အစွယ်တဖွေးဖွေးနဲ့ သီလရှင်ကြီးဆိုတာ မျက်လုံးထဲပြေးမလွတ်ပါဘူး။
အနောက်တိုင်းနတ်ဆိုးလောကမှာ The Nun ခေါ် Valak က evil books တွေမှာ တစ္ဆေထိန်းမိစ္ဆာကြီးအဖြစ် နေရာယူထားပေမယ့် အခု The Nun(2018)မှာတော့ သီလရှင်ကြီးအနေနဲ့တွေ့ရမှာပါ။
ဇာတ်လမ်းအကျဉ်းကတော့ ရိုမေးနီးယား ကစိန့်ခါသာဆိုတဲ့ church ကြီးမှာ သီလရှင်တစ်ပါး သေကြောင်းကြံစည်ခဲ့ပါတယ်။ ဒါနဲ့ပဲ Catholic ဘာသာဝင်တို့ရဲ့ ဌာနချုပ်ဖြစ်တဲ့ ဗာတီကန်စီးတီးကဘုန်းတော်ကြီးတွေက သီလရှင်အသစ်လေးတစ်ပါးနဲ့ ဘုန်းတော်ကြီးတစ်ပါးကို ခြေနေဆိုးကောင်းသိရအောင် လွှတ်ပေးလိုက်ပါတယ်။
ဒါပေမယ့် ရိုမေနီးယားလဲရောက်ရော ဒီသာမန်သီလရှင်တစ်ပါး သေကြောင်းကြံမှုနောက်ကွယ်က ဘယ်ကိစ္စက ကြိုးကိုင်နေလဲဆိုတာ စုံစမ်းရင်း အစွယ်အဖွေးသားနဲ့ အင်မတန်အားကြီးတဲ့နတ်ဆိုးမကြီးနဲ့ ပတ်သက်မိကြတော့တာပါပဲ။
ဇာတ်လမ်းအဆုံးမှာConjuring 1 နဲ့ပြန်ချိတ်ပေးထားလို့Conjuring universe ကိုခုံမင်တဲ့သူတွေအတွက် ကြည့်သင့်တဲ့ကားပါ။ ပုံမှန်ခြောက်နေကြ တစ္ဆေတွေနဲ့ကွဲထွက်ပြီး သီလရှင်ပုံစံအသွင်ယူထားတဲ့ Valak ရဲ့ကျောချမ်းစရာအသံနက်ကြီးနဲ့တင် ဇာတ်လမ်းကိုဆွဲခေါ်သွားပေးမှာဖြစ်ပါတယ်။ Rating အနေနဲ့ကတော့IMDb 5.7 ဖြစ်ပြီးRotten Tomatoes မှာ 26% ရထားပါတယ်…… Crd: Channel Myanmar
Related