IMDB 6/10 ရရှိထားတဲ့ Netflix Origin Comedy/Romance ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကိုမပြောခင် အချောလေး Noah Centineo ပါဝင်သရုပ်ဆောင်ထားကြောင်းပြောပြချင်ပါတယ်။
ဘရွတ်ရက်တီကန်ဆိုတဲ့ ၁၈နှစ်အရွယ်အထက်တန်းကျောင်းသားလေးရဲ့ဘဝကို အခြေပြုထားတာဖြစ်ပါတယ်။
မိတဆိုးလေးဘရွတ်ဟာ ဘဝကိုအရှုံးပေးထားတဲ့ဖခင်ဖြစ်သူနဲ့နေထိုင်ပေမယ့် သူ့ရဲ့ဘဝရည်မှန်းချက်တွေကတော့ ကြီးလှပါတယ်။
အကောင်းဆုံးကားကိုစီးချင်တယ်။ ပေါ်ပြူလာအဖြစ်ဆုံးကောင်မလေးနဲ့တွဲချင်တယ်။ ကောင်းပေ့ဆိုတဲ့ကျောင်းကိုမှတက်ချင်တယ်။ အစရှိသဖြင့်ပေါ့လေ။
အဲ့ဒီရည်မှန်းချက်တွေအမှန်တကယ်ဖြစ်လာဖို့ ကြိုးစားရာမှ ဖြစ်လာတဲ့ကမောက်ကမပေါင်းစုံကို ကြည့်ရှုရမှာဖြစ်ပါတယ်….Crd: Channel Myanmar
Related