“ကျွန်တော်က PI တစ်ယောက်ပါ” တဲ့ ပြောလိုက်တဲ့သူကို ကြည့်လိုက်တော့ အရက်ပုလင်း တစ်ပုလင်းကိုကိုင်ထားတယ်…
အလွတ်စုံထောက်ဆိုတဲ့အတိုင်း သူ့ကို သတ်ချင်နေတဲ့ လူဆိုးတွေလည်း ရှိတာပေါ့……
လိုက်သတ်နေတဲ့လူတွေဆီကနေ ထွက်ပြေးရင် သူ့ကြောင်ကြီးကို လှောင်အိမ်ထဲထည့်ပြီး မ ပြေးတတ်တယ်…..
သူ့နာမည်က ကာဆင်ဖီးလစ်တဲ့ သူဟာ တစ်ချိန်က တက္ကဆက်မြို့ရဲ့ နာမည်ကျော် American Football ကစားသမား…
အကြောင်းတစ်ခုကြောင့် သူ ကစားသမားဘဝကို အဆုံးသတ်လိုက်ရတဲ့အချိန်မှာတော့ သူဟာ တက္ကဆက်မြို့ကို ကျောခိုင်းခဲ့တယ်…
သို့သော်လည်း အလွတ်စုံထောက်တစ်ဦးဖြစ်တဲ့သူ့ကို လူပျောက်အမှုတစ်ခုအတွက် ငှားရမ်းလိုက်တဲ့သူ ရောက်ရှိလာပြီး သူ့ရဲ့ တက္ကဆက်ပြည်နယ်လေးကို ပြန်လာရဖို့ ဖြစ်လာခဲ့ပါတယ်……
တကယ်တမ်းအမှုလိုက်တဲ့အခါမှာတော့ လူပျောက်အမှုဆိုတာထက် ပိုပြီးနက်နဲတဲ့ မှုခင်းကွင်းဆက်တွေကို တွေ့ရှိလာရာမှာတော့….
မင်းသားကြီး John Travolta နဲ့ Morgan Freeman တို့ ပါဝင်ထားပါတယ်…Crd: Channel Myanmar
Related