Imdb 6.2ထိရရှိထားတဲ့ comedy, history, romanceကားကောင်းလေးတကားပါ။ ဒီကားလေးက တစ်မျိုးလေးဆန်းထားတယ်။ ဖူးစာတွေ ဓာတ်သဘောသဘာဝတွေကို ဦးတည်ပြီး ပြထားတယ်။
ဇာတ်ကားနာမည်နဲ့လိုက်အောင်ပေါ့။ မင်းသမီးလေးတစ်ပါးဟာ မွေးလာကတည်းက ကံဆိုးတယ်ဆိုပြီး နန်းတော်ထုတ်ခံထားရတယ်။
တစ်နေ့ဗေဒင်ပညာရှင်တွေရဲ့ အကြံပေးမှုကြောင့် နန်းတော်ပြန်လာခွင့်ရခဲ့တယ်။ သူရောက်လာပြီးမကြာခင်ပဲ တိုင်းပြည်ကမိုးခေါင်မှုနဲ့ကြုံရတယ်။ ဘယ်လိုဖြေရှင်းရပါ့ပေါ့။
ဗေဒင်ပညာရှင်ကြီးတွေက မင်းသမီးကိုလက်ထပ်ခိုင်းလိုက်ရင် မိုးပြန်ရွာလာပါလိမ့်မယ်တဲ့။ အဲ့တော့ မင်းသမီးပျားတုပ်ပြီပေါ့။
ဇာတ်လိုက်သူကလည်း ဗေဒင်ပညာရှင်ပဲ။ သူကဖူးစာတွက်တဲ့နေရာမှာ ဆရာတစ်ဆူ။ မွေးရက်ရယ် မျက်နှာရယ် မြင်တာနဲ့ နောက်ပိုင်း ဘာတွေဆက်ဖြစ်မယ်ဆိုတာသေချာပြောနိုင်တယ်။ သူကHwayugiထဲကမင်းသားလေးပါ။ မိန်းကလေးတွေရဲ့အသည်းစွဲပေါ့။
သူတို့၂ယောက် ဘယ်လိုစုံဖြစ်ကြပြီး ဘာတွေဆက်ဖြစ်မလဲတော့ ဒီကားလေးကိုဆက်ကြည့်လိုက်ပါနော်…….Crd: Channel Myanmar
Related