June.5.2018 မှာအသစ်ထွက်ရှိခဲ့တဲ့ ဒီ The Rake ဆိုတဲ့ကားလေးကတော့ Horror, Thrillerအမျိုးအစားကားလေးဖြစ်ပြီးတော့ ပရိသတ်အားပေးမှုများပြားခဲ့တဲ့ ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။
ဒီကားကိုတော့ ရေးသားပေးခဲ့တဲ့ ဇာတ်ညွှန်းရေးဆရာကတော့ Jeremy Silva ဖြစ်ပြီးတော့ ရိုက်ကူးပေးခဲ့တဲ့ဒါရိုက်တာကတော့ နာမည်ကြီးဒါရိုက်တာTony Wash ပဲဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ ဘန်နဲ့အက်ရှ်လေတို့ဟာ မိဘတွေနဲ့အတူကြီးပြင်းနေထိုင်လာခဲ့ကြပါတယ်။ တစ်နေ့မှာတော့သူတို့ရဲ့မိဘနှစ်ပါးလုံးရက်ရက်စက်စက်အသတ်ခံလိုက်ရပါတယ်။
မိဘတွေအသတ်ခံလိုက်ရတဲ့ အကြောင်းအရင်းကို မောင်နှမနှစ်ယောက်လုံးအကြောင်းအရင်းမသိခဲ့ပါဘူး။
နှစ်ပေါင်း၂၀ကြာပြီးတဲ့နောက်မှာတော့ သူတို့မိဘတွေဘာကြောင့်သေဆုံးခဲ့တယ်ဆိုနဲ့ ပဟေဠိဆန်တဲ့သတ္တဝါဖြစ်တဲ့ ရိတ်ခ်လို့ခေါ်တဲ့သတ္တဝါကြီးနဲ့ သူတို့မိဘတွေသေဆုံးတာဘဟ်လိုဆက်စပ်နေလဲဆိုတာကို ခံစားကြည့်ရှုကြရမှာဖြစ်ပါတယ်။
ဒီ ကားလေးဟာပရိသတ်အားပေးမှုကောင်းခဲ့တဲ့ horror, thriller ကားလေးဖြစ်လို့လက်လွှတ်မခံဘဲ ကြည့်ရှုသင့်တဲ့ကားကောင်းလေးတစ်ကားဖြစ်ပါတယ်……Credit: Channel Myanmar
Related