The Red Sea Diving Resort (2019) ဆိုတဲ့ ဒီ စပိုင်ဇာတ်ကားလေးက တကယ့်အဖြစ်အပျက်ကို အခြေခံပြီး ရိုက်ကူးထားတာပါ။
‘အီသီယိုပီးယားနိုင်ငံက ဂျူးလူမျိုးတွေ ပြည်တွင်းစစ်ကြောင့် ဒုက္ခရောက်ရတဲ့အတွက် အစ္စရေးနိုင်ငံကို ထွက်ပြေးခဲ့ရပါတယ်။
အစ္စရေးထောက်လှမ်းရေး မော့ဆက် က နိုင်ငံတကာက အေးဂျင့်တွေနဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့ကို အစ္စရေးအေးဂျင့်တစ်ယောက်ဖြစ်တဲ့ အာရီ လီဗင်ဆင်က ဦးဆောင်ပြီးထွက်ပြေးလာကြတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေကို ကူညီပေးတဲ့အကြောင်းလေးပါ။
ကယ်ပုံကလည်း ဆန်းပါတယ်။
သူတို့ အေးဂျင့်တစ်စုက အီသီယိုပီးယားနိုင်ငံနဲ့ ကပ်နေတဲ့ ဆူဒန်နိုင်ငံမှာ Red Sea Diving Resort ဆိုတဲ့ ဟိုတယ်ကို ဖွင့်ပြီးအဲဒီကနေ ဒုက္ခသည်တွေကို ရေလမ်းကနေ အစ္စရေးရေတပ်အကူအညီနဲ့ လွတ်မြောက်အောင် ကူညီပေးနေတာပါ။
အထူးလေ့ကျင့်ထားတဲ့ လုပ်ကြံသတ်ဖြတ်ရေးသမား အေးဂျင့်တွေက ဟိုတယ်မှာ ဝန်ဆောင်မှုပေးနေရင်းဒုက္ခသည်တွေကို ထွက်ပြေးလွတ်မြောက်အောင် ဘယ်လိုကူညီခဲ့ကြလဲဆိုတာ ရင်တစ်မမ နဲ့ကြည့်ရမှာပါ။ဒီဇာတ်ကားလေးရဲ့ IMDB Rating ကတော့ 6.3 ရရှိထားပါတယ်….Crd: Channel Myanmar
Related