IMDb 6.5 ရရှိထားတဲ့ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။
မြောက်ဝမ်လွေ့က အရမ်းတော်တဲ့ နိုင်ငံ့လက်ရွေးစင် ဘတ်စကတ်ဘောလုံးသမားဖြစ်ပါတယ်။
ပရိသတ်ကိုထိုးမိသောကြောင့် အသင်းမှနှုတ်ထွက်ခံရပါတယ်။ အလုပ်မရှိ သူငယ်ချင်းမရှိနဲ့ သူ့ဘဝဆိုးရွားလာတယ်။
ကြီးမားတဲ့လျော်ကြေးကြောင့် ကားပွဲစားဆိုင်မှာအလုပ်သွားလုပ်တယ်။
သူ့ဘေးမှာ မိန်းကလေးသူငယ်ချင်း ရှင်းကျယ်ပဲသူ့ကိုဂရုစိုက်တယ်။
တစ်နေ့မှာ သူအလုပ်လုပ်ရင်း တစ်ကိုယ်လုံးသွေးတွေနဲ့ ရန်ရာဝေ့ကိုတွေ့သွားပြီး မိုးကာဓားပြဖြစ်တဲ့ အစ်ကိုပြောင်းက သူ့ကိုသေနတ်နဲ့ခြိမ်းခြောက်လို့ သူ့နဲ့တစ်ဖွဲ့တည်းဖြစ်သွားတယ်။
ရဲတွေလိုက်ဖမ်းရင်း ဘာတွေဆက်ဖြစ်ဦးမလဲ။ မြောက်ဝမ်လွေ့နဲ့ အစ်ကိုပြောင်းနဲ့ ဘာတွေကြံစည်နေလဲ။
သူတို့ရဲလက်ထဲကလွတ်နိုင်ပါ့မလား ဘာတွေဆက်ဖြစ်ကြမလဲဆိုတာဆက်လက်စောင့်ကြည့်ကြပါလို့ တိုက်တွန်းလိုက်ပါရစေနော်…… Crd: Channel Myanmar
Related