IMDb 7.1/10,
Rotten Tomatoes 70%,
IndieWire 3/5,
၂၀၁၉ ကားကောင်းတွေအထွက်နည်းတဲ့ ဘောလီဝုဒ်လောကမှာ ဒီကားလေးကတော့ ကားကောင်တစ်ကားဆိုတာ အသေအချာကိုပြောရဲပါတယ်။
နိုင်ငံတကာရုပ်ရှင် အဆင့်သတ်မှတ်ချက်တွေလည်း ကောင်းသလို ဝေဖန်ရေးသမားတွေလည်း အကြိုက်တွေ့ခဲ့တဲ့ကားပါ။
ဒါ့အပြင် ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တိုင်းကလည်း အပိုအလိုမရှိကွက်တိတွေချည်းပါပဲ။
ဇာတ်လမ်းကလည်း ဖြစ်ရပ်မှန်ဇာတ်လမ်းဆိုတော့ အဆွေးခံရှိသူတွေအတွက် ဝမ်းနည်းစရာဇာတ်လမ်းတစ်ပုဒ်ပါ။
သိပ်ကောင်းလွန်းလို့ အညွှန်းပေါ့သွားရင် မကြည့်ဘဲကျော်သွားမှာလည်းစိုးရိမ်မိပါတယ်။
ဇာတ်လမ်းလေးကတော့ ချောင်ဒရီးမိသားစုရဲ့ လောကဓံကို အလျော့မပေးဘဲ ကြံ့ကြံ့ခံရင်ဆိုင်တာကို ရိုက်ပြထားတဲ့ မိသားစုဒရာမာဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်
ဆိုးရွားတဲ့ရောဂါကြီးနဲ့မွေးဖွားလာတဲ့ သမီးလေး အိုင်ယ်ရှားအတွက် ချောင်ဒရီးဇနီးမောင်နှံရဲ့ ကြိုးစားအားထုတ်မှုတွေကို
နာမည်ကျော်သရုပ်ဆောင်တွေဖြစ်တဲ့ ပရီယမ်ကား ဖရန်အခ်သားနဲ့ Secret Superstart ထဲက အားလုံးအသည်းကျော်လေး ဇိုင်ယာဝဆင်းတို့နဲ့
အကောင်းဆုံးတည်ဆောက်သရုပ်ဖေါ်ထားတဲ့ အိန္ဒိယကားကောင်းတစ်ကားဖြစ်ပါတယ်….Crd: Channel Myanmar
Related