ကိုယ်ကအမှန်ကိုပြောနေပေမယ့် အကုန်လုံးကရူးနေတယ်နင်မှားတာဆိုတဲ့အကြည့်တွေ အပြောတွေကိုခံရဖူးလား?
ဒီဇာတ်ကားထဲမှာတော့အဲဒီလိုမခံမရပ်နိုင်တွေကိုခံစားရမှာပါ။
ပထမအိမ်ထောင်နဲ့သမီးနှစ်ယောက်ရခဲ့ပေမယ့်အကြောင်းပြချက်မရှိ အုပ်ထိန်းခွင့်မရခဲ့တဲ့ ပန်းချီပညာရှင်တစ်ယောက်
နောက်အိမ်ထောင်နဲ့ ကလေးရဖို့ကြိုးစားရင်း သားလေးတစ်ယောက်ရလာတဲ့အခါမှာတော့သူထင်ထားသလိုဖြစ်မလာခဲ့။
အယူသီးလွန်းတဲ့မိန်းမရဲ့ထိန်းချုပ်မှုတွေကလေးကိုလှောင်ပိတ်ထားတာတွေ လူအများရှေ့ရောက်ရင်တော့သူမဟုတ်သလိုနေတတ်တဲ့မိန်းမရဲ့လှည့်ကွက်တွေ လူတွေအကုန်လုံးကိုအမှန်တရားတွေပြောပြနေပေမယ့်လည်းရူးနေတယ်လို့အကုန်လုံးရဲ့အထင်ခံရတဲ့အခါ?
နောက်ဆုံးကွာရှင်းပြီး သားကိုတွေ့ခွင့်တောင်းတဲ့အချိန်သူ့ကိုပေးတာသူ့သားမဟုတ်ဘူးလို့အကုန်လုံးကိုရှင်းပြနေပေမယ့်ဘယ်သူမှလက်မခံကျတဲ့အခါ…နောက်ဆုံးသူပြောသလိုသူ့ဆီမှာရှိနေတာသားအရင်းလားသူပဲတကယ်ရူးနေတာလားသူထင်နေတဲ့အတိုင်း သူ့သားအစစ်ကိုတွေ့ခွင့်ရဖို့ကြိုးစားရင်းဘာဖြစ်သွားမလဲ…စိတ်ဝင်တစားနဲ့ကြည့်လိုက်ရအောင်လားဗျာ…..Crd: Channel Myanmar
Related