ဒီကားရဲ့ အဓိက ခေါင်းဆောင်မင်းသားဖြစ်တဲ့ Dong-seok Ma ကိုတော့ကျွန်တော်တို့မြန်မာပရိတ်သတ်တွေ အကြိုက်ဖြစ်ခဲ့တဲ့ Along with the Gods, Unstoppable ,The Outlaws စတဲ့ နာမည်ကြီးကားတွေမှာရင်းနှီးပြီးသားမို့ ထွေထွေထူးထူးမိတ်ဆက်ပေးစရာမလိုဘူးထင်ပါတယ်….
တခြားသူတွေမျက်လုံးပေါက်ကိုမှေးကျဉ်းလိုက်ပြီး မျက်နှာကြီးရှုံထားရင် ထိတ်လန့်စရာကောင်းနေပေမယ့် ဒီမင်းသားကြီးအဲ့လိုအမူအရာလုပ်ရင် ရိုးသားပြီးချစ်စရာကောင်းနေတာကလည်း အံသြစရာပင်…သူ့ရဲ့မွေးရာပါ မျက်နှာကပင် အဲ့လိုပဲလားမသိပေ…
The Soul-Mate ဇာတ်ကားထဲမှာတော့ ဂျူဒိုဆရာတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပြီးသူ့မှာ နှလုံးအားနည်းရောဂါရှိတဲ့ သမီးလေးတစ်ယောက်လည်းရှိပါတယ်…
တစ်နေ့သူရဲ့ ကားကိုရဲက သိမ်းသွားတော့ ယူသွားတဲ့ရဲနောက်ကိုလိုက်ခဲ့ပါတယ်..အဲ့ဒီအခါမှာ ရဲရော သူရောကို ဒုစရိုက်သမားတွေက သေလောက်အောင်ရိုက်သွားပါတယ်…
တကယ်တော့ ရဲနဲ့ ဂျူဒိုဆရာတို့ဟာ တကယ့်ပြဿနာတောကြီးထဲကိုရောက်ရှိသွားတာပါ…ကဲ သူတို့ ဘယ်လိုပြဿနာတောကြီးထဲကိုရောက်သွားတာလဲ…..အရိုက်ခံရပြီးဆေးရုံပေါ်ရောက်ပြီးတဲ့နောက် ဘာတွေဆက်ဖြစ်နေမလဲ…ဒုစရိုက်ဂိုဏ်းနဲ့ရော ဘယ်လိုတွေဆက်ဖြစ်မလဲ…နောက်ကွယ်က ဘယ်သူတွေရှိနေမလဲ…ဆိုတာကိုတော့ခံစားကြည့်လိုက်ပါဦး……Crd: Channel Myanmar
Related