ဒီတစ်ခေါက် ပရိတ်သတ်တွေအတွက် မိတ်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့“The Spy who dumped me”ဆိုတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်…ဒီကားလေးမှာ အွန်ဒရေးနဲ့ မော်ဂန်ဆိုတဲ့ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ရဲ့စပိုင်ဆန်ဆန်နဲ့စွန့်စားခန်းတွေကို ရယ်ရယ်မောမောနဲ့ ကြည့်ရမယ့်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်….
အွန်ဒရေးဆိုတဲ့ ကောင်မလေးဟာ သူသိပ်ချစ်ရတဲ့ ချစ်သူနဲ့ပြတ်ပြီးနောက်ပိုင်းမှာ သူ့ချစ်သူက စပိုင် သူလျိုတစ်ယောက်ဆိုတာ သိခဲ့ပါတယ်…
အဲဒီသူ့ချစ်သူစခဲ့တဲ့ ဇာတ်လမ်းနောက်တွဲကိစ္စတွေဟာချစ်သူဖြစ်တဲ့ သူမဆီကိုပါရောက်လာပါတော့တယ်…သူမဆီကိုရောက်လာတော့ သူမရဲ့သူငယ်ချင်းဖြစ်တဲ့ မော်ဂန်ပါပါဝင်ပတ်သက်လာရတော့တာပေါ့….
ဒီလိုနဲ့ သူမတို့နှစ်ယောက် ဒီအရှုပ်ဇာတ်လမ်းတွေကြားအပစ်အခတ်သတ်ဖြတ်မှု့တွေကြားမှာဘယ်လို အူကြောင်ကြောင်နဲ့ စွန့်စားခန်းတွေ လုပ်ကြမလဲဆိုတာရယ်ရယ်မောမောနဲ့ ကြည့်ရမှာဖြစ်ပါတယ်….
Rating 6.3 ရရှိထားပြီးတော့ စပိုင်ဇာတ်လမ်း အက်ရှင်ပုံစံတွေဟာသဆန်ဆန်ရယ်မောရတာကို ကြိုက်တဲ့ လူတွေအတွက်ကတော့ဒီဇာတ်လမ်းလေးထဲက စာသားအများစုက သင်တို့ကို စိတ်ကျေနပ်မှု့ပေးစွမ်းနိုင်မှာဖြစ်ပါတယ်….အားလုံးပဲကြည့်လိုက်ရအောင်လား…..Crd: Channel Myanmar
Related