တစ်နေ့တာလေးအတွင်းအတူရှိနေလိုက်ရုံနဲ့တင်အချစ်ဆိုတာကို ခံစားသိရှိနိုင်လိမ့်မယ်လို့ထင်မိလား ??တွေးမိဖူးလား???
နယူးယော့ခ်ကနေ နေရပ်တိုင်းပြည်ကိုပြန်ရတော့မဲလူမည်းမလေး နာတာရှာက သူ့တိုင်းပြည်ကိုမပြန်ရရေးအတွက် တောင်းဆိုဖို့ တစ်ရက်တာလေးပဲကြိုးစားခွင့်ရှိနေတဲ့အချိန်လေးမှာ ဆေးကျောင်းသားလေး ကိုရီးယားကောင်လေး ဒန်နီရယ်နဲ့တွေ့ဆုံသွားပြီးနောက်ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကို လူငယ်ဆန်ဆန်ရိုက်ကူးပုံဖော်ထားတဲ့အချစ်ဇာတ်ကားလေးပဲဖြစ်ပါတယ်။
လူငယ်မှ တော်တော်လေးကိုလူငယ်ဆန်တယ်လို့ကိုပြောလို့ရပါတယ်။
အချစ်အတွက် အနာဂတ်တွေ ကိုယ့်ရှေ့ရေးတွေကိုတောင်မစဉ်းစားနိုင်လောက်တဲ့အထိကိုရူးရူးမိုက်မိုက်လူငယ်ဆန်ဆန်အတွေးတွေကိုရိုက်ကူးထားတဲ့ဇာတ်ကားလေးဖြစ်တာမလို့ပေါ့ပေါ့ပါးပါးလေးပဲ ခံစားကြည့်ရှုလိုက်ရအောင်ပါဗျာ…..Crd: Channel Myanmar
Related