ဒီကားလေးမှာတော့ Jake Borelli, Niko Terho, Britt Baron, Japhet Balaban တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းလေးကတော့ မကြာသေးခင်က ချစ်သူရဲ့ သစ္စာဖောက်ခံလိုက်ရတာ Samက အချစ်မှာစိတ်ပျက်သွားပြီး စိတ်အပြောင်းအလဲ
အနေနဲ့ သူ့ငယ်သူငယ်ချင်း kellyရဲ့ စေ့စပ်ပွဲရှိတာနဲ့ အိမ်ကိုပြန်ခဲ့တယ်။ အဲ့အသွားလမ်းမှာ အရင်က သူ့အပေါ်ဗိုလ်ကျခဲ့တဲ့ Harryနဲ့
ကားအတူတူစီးရပြီး ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြရင်း တစ်ယောက်အပေါ်ထားတဲ့ အမြင်တွေရှင်းသွားပြီးနောက်မှာ Harryက
Pansexual မှန်းသိသွားတဲ့အခါ Samတစ်ယောက် ဘယ်လိုမျိုးလေးတွေ ဖြစ်သွားမလဲ။ Harryကကော Samအပေါ်အရင်လို
ဗိုလ်ကျမြဲကျပြီး ပုံမှန်သူငယ်ချင်းအဖြစ်ပဲ ဆက်နေသွားမလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှူရမှာဖြစ်ပါတယ်။
ဒီဇာတ်လမ်းလေးကတော့ ပုံမှန် LGBTဇာတ်ကားတွေလိုမဟုတ်ပဲ ဖြစ်တတ်တဲ့ အခက်အခဲတွေ အနှောင့်အယှက်လေးတွေကို
ရင်ဆိုင်နားလည်ပြီး ရှေ့ဆက်လျှောက်ရတဲ့ လူသဘောကို ဖော်ထားတဲ့အတွက် တစ်မူထူးတဲ့ LGBTကားတစ်ကောင်းဖြစ်တာမို့
အတူစီးမျှော်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
(Mature sceneနဲ့ ရိုင်းပြတဲ့ အသုံးအနှုန်းအချို့ပါဝင်ပါတယ်)….Crd: Channel Myanmar
Related