၂၀၁၇ ခုနှစ် The Pope အမည်ရပြဇာတ်ကိုမှီငြမ်းရိုက်ကူးထားတဲ့
၂၀၁၉ ခုနစ်ထွက် Biological Drama အမျိုးအစားပဲဖြစ်ပါတယ်။
The Best Director Award ရရှိထားတဲ့ Fernando Meirelles ရိုက်ကူးထားတဲ့အပြင်
IMDB ကလည်း 7.7/10 ရရှိထားတာဖြစ်ပါတယ်။
ဇာတ်လမ်းအမျိုးအစားကတော့ သူ့ဇာတ်ကားနာမည်အတိုင်း
ပုပ်ရဟန်းမင်းကြီးနှစ်ပါးအကြောင်းပဲဖြစ်ပါတယ်။
ပုပ်ရဟန်းမင်းကြီ ဘန်နဒစ်နံပါတ်ခြောက်က
ရှေးရိုးဆန်ပြီး ခေတ်နောက်ပြန်ဆွဲတဲ့ Conservative တစ်ယောက်
ပြီးတော့သူက ဂျာမန်လူမျိုးလည်းဖြစ်နေပါသေးတယ်။
ဘုန်းတော်ကြီး ဘာဂိုလီယိုကတော့ ပြုပြင်ပြောင်းလဲရေးသမား
အာဂျင်တီးနားလူမျိုးတစ်ယောက်…
ကြမ္မာလှည့်ကွက်တွေကြောင့် သူတို့နှစ်ယောက် တွေ့ဆုံကြတဲ့အခါ
သူတို့နှစ်ယောက်ကြားက မတူညီတဲ့အတွေးအခေါ်တွေ…
အပြုအမူတွေနဲ့… လုပ်ရပ်တွေကြားမှာ
ဘယ်သူက တကယ့်ပြောင်းလဲမှုတွေဖန်တီးပေးနိုင်မလဲဆိုတာကို
စောင့်ကြည့်ရမယ့်ဇာတ်ကားကောင်းပဲဖြစ်ပါတယ်။ ဘာသာရေးဆက်နွယ်တဲ့ဇာတ်ကားဖြစ်ပေမယ့်
လုံးဝမပျင်းမရိရပဲ ပညာသားပါတဲ့ဒိုင်ယာလော့ဒ်တွေအောက်မှာ
စီးမျောစေရမယ်လို့အာမခံပါတယ်….Crd: Channel Myanmar
Related