Vikingလူမျိုးစု၂စုကြားဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအကြောင်းကို ရိုက်ကူးထားတာပါဖြစ်ပါတယ်။
Berserker လူမျိုးတွေက သူတို့ကိုယ်သူတို့ စွမ်းအားရှိတယ်လို့ ယုံကြည်ကာ Saxonလူမျိုးတွေကို ကျူးကျော်တိုက်ခိုက်ပါတော့တယ်။
Berserkerတွေက Saxonတွေကို သတ်ကွင်းထဲမှာ တစ်ယောက်ချင်းသေတဲ့အထိယှဉ်ပြိုင်တိုက်ခိုက်ပါတယ်။
သတ်ကွင်းထဲကBerserkerတစ်ယောက်ကိုအနိုင်ယူရင်လွတ်လပ်ခွင့်ရမှာဖြစ်ပေမယ့် တစ်ယောက်မှ အသက်ရှင်ရက်ပြန်မထွက်နိုင်ကြပါဘူး။
တစ်နေ့ ရွာတစ်ရွာကို ဝင်သိမ်းပိုက်ရင်းနဲ့ အဲ့ဒီရွာက ရွာလူကြီးOlavရဲ့သားသမီး၃ယောက်က ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။
အဲ့ဒီမောင်နှမ၃ယောက်က Berserkerတွေလက်ကနေ လွတ်ပါ့မလား။ လူမျိုး၂စုကြား တိုက်ပွဲကရော ဘယ်လိုဆုံးရှုံးမှုမျိုးတွေ သယ်လာမလဲဆိုတာကိုတော့The Viking Warဆိုတဲ့ဇာတ်ကားထဲမှာ ရှုစားလိုက်ကြပါခင်ဗျာ…… Crd: Channel Myanmar
Related