စုံထောက်ကား မှုခင်းကားတွေ စိတ်ဝင်စားတဲ့ ပရိတ်သတ်တွေအတွက်တော့ အကြိုက်တွေ့နိုင်တဲ့ဇာတ်ကားမျိုးပါပဲ…ဇာတ်လမ်းအကျဉ်းကတော့လူသတ်တရားခံကသူလူသတ်တော့မယ်ဆိုရင် မှုခင်းရဲဌာနအဖွဲ့ဆီကိုLive video ပါဝင်တဲ့ e-mailတွေကိုပို့လေ့ရှိပါတယ်.. ဒါကိုရဲငှာနကတားဆီးဖို့ကြိုးစားကြတယ်..လူသတ်သမားကလည်းဉာဏ်ပြေးလွန်းလှတယ်…ဒီလိုအချိန်မှာ ရဲအဖွဲ့တွင်းကလည်းမတူညီတဲ့အရည်အချင်းရှိသူအဖွဲ့သားချင်းစုပေါင်းပြီး ပဟေဠိလိုဖြစ်နေတဲ့လူသတ်မှုကိုဖြေးဖြေးချင်းစုံစမ်းဖော်ထုတ်နေခဲ့သလို…..လူသတ်သမားလက်ချက်ကြောင့်မသေခဲ့တဲ့လူတစ်ဦးဟာလည်းလူသတ်သမားကိုပြန်ပြီးလက်စားချေဖို့ဖြစ်လာပါတော့တယ်….ရဲ …လူသတ်သမား နဲ့ ပြန်လက်စားချေဖို့ကြိုးစားသူ တို့ရဲ့ သုံးပွင့်ဆိုင်အားပြိုင်မှုကြားမှာဘာတွေဆက်ဖြစ်မယ်ဆိုတာကိုတော့ဆက်လက်စောင့်ကြည့်ခံစားပါ…..Crd: Channel Myanmar
Related