The Warning(2018) ကတော့ Drama,Triller ဇာတ်ကားလေးပါ။ Netflix ကထုတ်တဲ့စပိန်စကားပြောဇာတ်လမ်းဖြစ်ပြီး IMDB Rating 6 ရရှိထားပါတယ်။ အေးအေးလေးနဲ့ စုံထောက်ကားကြိုက်သူတွေအတွက်တော့ သဘောကျစရာ ဇာတ်ကားပါပဲ။
သင်္ချာဉာဏ်ကြီးရှင်ဖြစ်တဲ့ Jon တစ်ယောက် သူ့သူငယ်ချင်းကို သေနတ်နဲ့အပစ်ခံလိုက်ရတဲ့ အခါ သူ့ရဲ့အထူးကျွမ်းကျင်မှုဖြစ်တဲ့ ဂဏန်းတွေကို သတိထားမိပြီးလိုက်ကြည့်ရာကနေ အံ့သြစရာကောင်းတဲ့ ကိန်းစဉ်တစ်ခုကို ရှာဖွေတွေ့ရှိသွားပါတယ်။ အဲဒီကိန်းစဉ်ကဘာလဲ အဲဒီနောက်က မထင်မှတ်တဲ့တွေ့ရှိချက်တွေကိုတော့ ကြည့်လိုက်ပါတော့ ဗျာ။
ပြီးတော့ အသက် ၁၀ နှစ်ပြည့်တဲ့နေ့မှာ စတိုးဆိုင်ကိုမသွားဖို့ သွားရင်သေမယ်ဆိုပြီး သတိပေးချက်ရထားတဲ့ကောင်လေး၊ လက်တွေ့ဆန်လွန်းပြီး ခက်ခဲတဲ့ဘဝကိုရထားခဲ့ဖူးတဲ့ သူ့အမေက သူအကြောက်တရားကိုကျော်လွန်နိုင်အောင် သူ့မွေးနေ့မှာ အဲဒီဆိုင်ကိုသွားဖြစ်အောင်သွားခိုင်းပါတယ်။ သူတကယ်ပဲ အသတ်ခံရမှာလား။ သူနဲ့ သင်္ချာဉာဏ်ကြီးရှင်ဂျွန်နဲ့ဘယ်လိုဆက်စပ်နေတာလဲ The Warning ပါတဲ့ခင်ဗျာ….ပြီးတော့ တကယ်ပြောတာ ကိန်းဂဏန်းတွေက မလိမ်တတ်ဘူး……Crd: Channel Myanmar
Related