ဒီတစ်ခါတော့ မင်္ဂလာဆောင်တာနဲ့ဆိုင်တဲ့ romance,comedyကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ မာရာဆိုတဲ့ကောင်မလေးဟာလူငယ်ဆန်ဆန်လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးနေတတ်တဲ့သူတစ်ယောက်ပါ။ တစ်ရက်မှာချိန်းတွေ့တဲ့ဝက်ဘ်ဆိုဒ်ကနေပြီးတော့သူ့ထက်အသက်ကြီးတဲ့စားဖိုမှုးတစ်ယောက်နဲ့ချိန်းတွေ့ပြီးတစ်ယောက်နဲ့တစ်ယောက်တကယ်ချစ်သွားကြတဲ့အခါမှာသမီးရည်းစားတွေဆိုတော့ပွဲလမ်းသဘင်တွေတူတူသွားကြတာပေါ့။ ဒါနဲ့ပဲသူတို့နှစ်ယောက်အတူမင်္ဂလာဆောင်ခုနှစ်ခုကိုသွားရဖို့အကြောင်းဖန်လာပါတော့တယ်။ အဲဒီလိုပွဲတွေတက်နေရင်းနဲ့ပဲမာရာတစ်ယောက်သူ့ပုံစံကလက်ထပ်တာနဲ့မလိုက်ဖက်ဘူးလို့ခံစားလာရတဲ့အခါမှာ…နောက်ဆုံးပွဲဖြစ်တဲ့သူ့ရည်းစားရဲ့အကိုမင်္ဂလာပွဲကိုတက်ရင်းမိန်းမတွေကလင်ယူသားမွေးပြီးအိမ်မှုကိစ္စပဲလုပ်ရမယ်လို့ရှေးရိုးစွဲနေတဲ့မိသားစုတွေနဲ့ပါတွေ့လာရတဲ့အခါ…သူတို့နှစ်ယောက်ဘယ်လိုရှေ့ဆက်မလဲ မာရာကရောအချစ်ကိုပဲရွေးချယ်မလားသူ့ဘဝကိုပဲသူ့ရွေးချယ်မှုအတိုင်းဆက်လျှောက်မလားဆိုတာတွေကိုကြည့်ရမှာပါ။ ဒီကားလေးကလူငယ်ဇာတ်လမ်းလေးသာမကသမီးရည်းစားတွေဇာတ်သိမ်းထိတူတူကြည့်သင့်တဲ့ကားလေးတစ်ကားပါ…..Crd: Channel Myanmar
Related