အခု မိတ်ဆက်ပေးမှာကတော့ 2018 က ထွက်ခဲ့တဲ့ To All the Boys I’ve Loved Before ဆိုတဲ့ အမေရိကန်အချစ်ဇာတ်ကားလေးရဲ့ နောက်ဆက်တွဲအနေနဲ့
2020 မှာ ထပ်မံရိုက်ကူး ထုတ်လွှတ်လာတဲ့ To All the Boys: P.S. I Still Love You ဆိုတဲ့ ဇာတ်ကားလေးပါ။
ပထမကားမှာတုန်းကလိုပဲ လူငယ်ကြိုက် အချစ်ကားလေးဟာ ပရိသတ်ကို စိတ်မပျက်ရမယ့် ကြည်နူးစရာ အချစ်ဇာတ်ဝင်ခန်းလေးတွေနဲ့ ထပ်မံ ဖမ်းစားနိုင်ခဲ့ပြန်ပါတယ်။
လာရာဂျင်းနဲ့ ပီတာကတ်ဗင်စကီနဲ့ ပထမဆုံးဒိတ်လေးနဲ့ ဇာတ်လမ်းလေးကို စတင်ထားပြီး ရင်ခုန်ကြည်နူးစရာ ချစ်သူဘဝလေးကို ပုံဖော်ပြထားပါတယ်။
အဲလိုအချိန်မှာပဲ လာရာဂျင်းရဲ့ နောက်ထပ် ရည်းစားစောင်တစ်စောင်ကို လက်ခံရရှိခဲ့တဲ့ အလယ်တန်းတုန်းက ဂျွန်အမ်ဘရို့စ်ဆီက ပြန်စာတစ်စောင်
လက်ခံရရှိလိုက်တဲ့အခါမှာ ဘာတွေ ဆက်ဖြစ်လာမှာလဲ….
ဂျွန်အမ်ဘရို့စ်ဟာ လာရာဂျင်းနဲ့အတူ နွေရာသီလုပ်အားပေးစခန်းမှာပါ အတူရောက်လာခဲ့ချိန်မှာတော့ လာရာဂျင်းတစ်ယောက်
၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်းထဲမှာ ဘယ်လိုတွေ ရင်ဆိုင်ဖြေရှင်းရမှာလဲ။
ပီတာနဲ့ ဂျွန် ၂ ယောက်ကြား ဘယ်လိုတွေ ရွေးချယ် အဆုံးသတ်သွားမှာလဲဆိုတာကိုတော့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် စောင့်မျှော်ကြည့်ရှုလိုက်ကြပါဦးနော်…..Crd: Channel Myanmar
Related