ဒါကတော့ လက်တလောထွက်ရှိလာတဲ့ Horror comedy movieပဲဖြစ်ပါတယ်။
အယ်လ်အေမှာနေထိုင်တဲ့အိုလီတစ်ယောက် အလုပ်ကလည်းပြုတ်ပြီး စွဲလမ်းဖွယ်မကောင်းတဲ့ရည်းစားနဲ့လည်း လမ်းခွဲပြီးနောက်မှာတော့ စိတ်ပြေလက်ပျောက်အနားယူဖို့အတွက် မစည်ကားတဲ့မြို့တစ်မြို့ကအိမ်တစ်အိမ်ကို လိုင်းပေါ်မှာရှာပြီး အဲ့အိမ်မှာသူတစ်ယောက်တည်း ရက်အနည်းငယ်လောက်သွားနေဖို့ဆုံးဖြတ်ခဲ့ပါတယ်။
ဒါပေမယ့် ဖြစ်ချင်တော့အဲ့အိမ်ပိုင်ရှင်ကရူးကြောင်ကြောင်ဖြစ်နေတဲ့အပြင် တစ်ခါမှလူမသတ်ဖူးလို့ လူသတ်ကြည့်ချင်နေတဲ့ အဖိုးကြီးတစ်ယောက်အိမ်ဖြစ်နေပါတယ်။
ဒီကားမှာအိုလီတစ်ယောက်အဲ့အိမ်မှာသွားနေရင်း အဖိုးကြီးရဲ့အကြံအစည်တွေနဲ့ခြောက်လှန့်ခံရပုံတွေ၊ အသက်ရှင်ဖို့ကြိုးစားရပုံတွေ (horrorဆိုတော့ ထုံးစံအတိုင်းအိုလီကမျက်မှန်မပါရင်မမြင်ဘူးလေ )နှင့် အရေးအကြောင်းဆိုအခွီတွေလုပ်နေပုံတွေကိုကြည့်ရှုမှာဖြစ်ပါတယ်…
Related