မင်္ဂလာဆောင်ဖို့အသည်းအသန်တွေစီစဉ်ပြီးမနက်ဖြန်ဆောင်တော့မယ်ဆိုမှဒီနေ့လက်ထပ်ပွဲပျက်သွားပြီဆိုတဲ့ခံစားချက်ကြီး….နက်နဲ့လော်ရန်တို့စုံတွဲကအရမ်းကိုချစ်ကြတဲ့လူဖြူလူမည်းစုံတွဲဖြစ်ပြီးတစ်ရက်မှာရုတ်တရက်ဆိုသလို လက်ထပ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်…လော်ရန်တစ်ယောက်ကသူ့ရဲ့မွေးရပ်မြေဖြစ်တဲ့ ဒါဝင်မြို့ကိုပြန်ပြီးသူ့မိဘတွေစုံစုံညီညီနဲ့မင်္ဂလာပွဲလုပ်ချင်တယ်လို့ပြောတဲ့အခါမှာနှစ်ယောက်အတူမင်္ဂလာပွဲလုပ်ဖို့ဒါဝင်မြို့ကိုပြန်လာခဲ့ပါတယ်…ဒါပေမယ့်လော်ရန်စိတ်ကူးထားတဲ့အတိုင်းဖြစ်မလာခဲ့ပဲသူ့မိခင်ဖြစ်သူကသူတို့ကိုစိတ်ဆိုးပြီး အိမ်ကထွက်သွားတယ်လို့သိလိုက်ရတဲ့အချိန်…သူ့မိဘတွေကလည်းသူတို့စုံတွဲလိုအဖြူအမည်းစုံတွဲပဲဖြစ်ပြီးတော့သူ့အမေကမွေးရပ်မြေဖြစ်တဲ့လူမည်းတွေရဲ့ကျွန်းစွယ်ကနေမိဘတွေကိုဆန့်ကျင်ပြီးလူဖြူနဲ့လက်ထပ်ဖို့ထွက်လာခဲ့တဲ့နောက်ကြောင်းအလုံးစုံကိုလော်ရန်တစ်ယောက်သူ့အမေကိုလိုက်ရှာရင်းသိလိုက်ရတဲ့အခါ….သူ့အမေကိုလိုက်ရှာရင်းပဲသူတို့နှစ်ယောက်ရဲ့အဆင်မပြေမှုတွေပေါ်လာပြီးလက်ထပ်ဖို့ဖျက်သိမ်းတဲ့ထိတွေဖြစ်လာတဲ့အခါ….သူတို့နှစ်ယောက်အဆင်ပြေပြေနဲ့လက်ထပ်ပွဲလေးဖြစ်သွားမလား…သူ့အမေကိုရောရှာတွေ့နိုင်မလား…သူ့မိဘတွေကရောပြန်ပြီးသင့်မြတ်မလားဆိုတာ…ဒီကားလေးကဒရမ်မာဆန်ဆန်လေးနဲ့လူဖြူလူမည်းကြားကရိုးရာဓလေ့တွေကိုသေချာလေးရိုက်ကူးပြထားတာဖြစ်ပါတယ်….Crd: Channel Myanmar
Related