ဒီဇာတ်ကားက ဘာသာရေးကို ခုတုံးလုပ်တဲ့အကြောင်း ရိုက်ကူးထားတာပါ။ ဘောလိဝုဒ်ကားတွေထဲမှာ ထူးထူးခြားခြား “က” တဲ့ ဇာတ်ကွက်တွေမပါပြန်ပါဘူး။ နှစ်နာရီကျော်လောက်ကြာပြီး ဇာတ်ကွက်သုံးခုလောက် ချိတ်ပြထားပါတယ်။
ဇာတ်လမ်းအစမှာ မင်းသားက အောင်မြင်ရေးအတွက် ဟောပြောရတဲ့သူ။ သူကိုယ်တိုင်ကတော့ မအောင်မြင်ပါဘူး။ ညီအကို နှစ်ယောက်တည်း ကြီးပျင်းလာရပြီး သူ့ညီက သေသွားတဲ့အခါ သူက နယ်မြို့လေးကနေ မြို့ပေါ်တက်လာပါတယ်။
အဲ့မှာ အဆက်သွယ်တခုရပြီး မာဖီးယားလို လူနှစ်ယောက်နဲ့တွေ့ပါတော့တယ်။ သူက ခရစ်တော်ကို ယုံကည်သူ မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် သူ့အတွက် အလုပ်အကိုင် ရှားပါးတာကြောင့် လူမိုက်တွေပြောတဲ့အတိုင်း လိုက်လုပ်ပါတော့တယ်။
ခြောက်လတိတိ ကျမ်းစာသင်ယူပြီး performance တွေ လေယူလေသိမ်းတွေ ပါ တပါတည်း သင်ပါတော့တယ်။
ခြောက်လကျော်တဲ့အခါ သင်းအုတ်ဆရာအဖြစ် နာမည်ခံယူပြီး သူ့ပင်ကိုနာမည်ကိုပါ ပြောင်းပစ်ခဲ့ပါတယ်။ အဲ့ချိန်ကစလို့ သူဟောပြောပွဲတွေလုပ်ပါတယ်။
ဟောပြောပွဲတွေမှာ သူ့လူတွေထည့်ပြီး ဇာတ်တိုက်ထားတဲ့အတိုင်း ချိုင်းထောက်နဲ့လူက ပြေးပြ၊ ကင်ဆာရောဂါ ချက်ချင်းပျောက်၊ မျက်စိမမြင်သူ ပြန်မြင်ဆိုတာတွေ လုပ်ပါတော့တယ်။
အချိန်ကြာလာတာနဲ့အမျှ သူ့ရဲ့အောင်မြင်မှုနဲ့ကြွယ်ဝမှု မတရားများလာပါတော့တယ်။ အဲ့ချိန်မှာ မာနထောင်နေတဲ့မင်းသားကို လူမိုက်နှစ်ယောက်က ဘယ်လိုထိန်းချုပ်မလဲ။
ဒီလုပ်ဇာတ်တွေကိုရော ဖော်မှာ ဘယ်သူလဲ။ လူတွေကရော ဘာကြောင့်ယုံကြတာလဲ။ စသဖြင့် ဘာသာရေးကို ခုတုံးလုပ်ပြီး အကျိုးအမြတ်ရှာတဲ့သူတွေရိုက်ထားတာပါ။
အစွန်းရောက် ခရစ်ယာန်တစ်ယောက်ဆိုရင်တော့ မကြည့်တာပိုကောင်းပါလိမ့်မယ်။ ခရစ်တော်ကို ယုံကြည်သူဆိုရင် ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ခုပါပဲ။
ဘာသာရေးတိုင်းမှာ ဒီလိုမျိုး ခုတုံးလုပ်ကိုယ်ကျိုးရှာနေတဲ့သူတွေ ရှိနေကြောင်း တခြားဘာသာတွေနဲ့ နှိုင်းယှဉ်ကြည့်လို့လည်းရပါတယ်။
ဘာသာရေးစော်ကားတဲ့ကားတော့ မဟုတ်ပါဘူး။ ဘာသာရေး အစစ်နဲ့အတုကို ပုံဖော်ထားတဲ့ဇာတ်ကားပါ။
တော်တော်လေးကောင်းလို့ ကြည့်သင့်တယ်လို့ ညွန်းပါရစေ။
<iframe src="https://www.facebook.com/plugins/video.php?href=https%3A%2F%2Fvideo.frgn3-1.fna.fbcdn.net%2Fv%2Ft39.24130-2%2F10000000_610461012872197_3041202865773914498_n.mp4%3F_nc_cat%3D100%26_nc_sid%3D985c63%26efg%3DeyJ2ZW5jb2RlX3RhZyI6Im9lcF9oZCJ9%26_nc_oc%3DAQk-7ak-ta1Js9nbjWgO-uW4zrN1OSnqe_CvKjCJeU23sd9qKXLz_X31XI_Tm8RD0QM%26_nc_ht%3Dvideo.frgn3-1.fna%26oh%3D0fc9aa2f7e0b26987da0ac7512180997%26oe%3D5ED8B517&show_text=false&width=220&appId=404785860019801&height=0" width="220" height="0" style="border:none;overflow:hidden" scrolling="no" frameborder="0" allowTransparency="true" allow="encrypted-media" allowFullScreen="true"></iframe>
Related