ဒီကားဟာ ratingတွေလည်းကောင်းပြီး တော်တော်လည်းကြည့်လို့ကောင်းတဲ့Biographical dramaကားတစ်ကားဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ ဖယ်ဒရယ်စနစ်ကျင့်သုံးနေတဲ့ တက်ဆက်ပြည်နယ်ရဲ့ ဥပဒေဟာ အရမ်းကိုပြင်းထန်ခဲ့ပြီး လူပေါင်းများစွာကို သေဒဏ်စီရင်ချက်ချခဲ့ပါတယ်။
ဒီဇာတ်ကားဟာ ၁၉၉၁ဖြစ်ပွားခဲ့တဲ့အမူအပေါ် ရေးသားထားတဲ့စာအုပ်ကို မှီငြမ်းရိုက်ကူးထားတာပါ။
ပညာလည်းသိပ်မတတ်တဲ့ ခပ်ဆိုးဆိုးပေတေတေ အလုပ်လက်မဲ့လူတစ်ယောက်ရဲ့အိမ်ဟာ သူ့မိန်းမမရှိတဲ့အချိန်မှာ မီးလောင်ခဲ့ပါတယ်။
မီးလောင်မှုမှာ သူတစ်ယောက်ပဲလွတ်ခဲ့ပြီး သမီးငယ်လေး၃ယောက်လုံးမီးထဲပါသွားခဲ့ပါတယ်။ သူကတော့မီးရှို့လူသတ်မှုနဲ့သေဒဏ်ကျခံခဲ့ရပါတယ်။
ထောင်ထဲမှာနှစ်ရှည်လများနေရပြီးနောက် သူအပြစ်မဲ့တာကို ယုံကြည်တဲ့အမျိုးသမီးတစ်ယောက်က သူလွတ်မြောက်ဖို့ကူညီပါတယ်။
ဒီကားမှာ မိန်းမကိုရိုက်နှိက်ခဲ့တဲ့ ခပ်ဆိုးဆိုးလူပေတစ်ယောက်ဟာ တကယ်ပဲကလေးတွေကို မီးရှို့သတ်ခဲ့တာလား၊ လွတ်မြောက်ဖို့မျှော်လင့်ချက်တွေထားရင်း တကယ်ပဲ သေဒဏ်မှလွတ်မြောက်မှာလား ဆိုတာရယ် ဥပဒေလုပ်ထုံးလုပ်နည်းတွေကရော တကယ်ပဲမျှတရဲ့လား၊ အဆိုးရွားဆုံးပြစ်မှုကျူးလွန်တဲ့သူတွေကရော လူသားတွေဖြစ်တဲ့အတွက်သေဒဏ်ပေးသင့်လား၊ အပြင်လောကမှာရောမှားယွင်းပြီး သေဒဏ်ပေးခံရတဲ့လူ ဘယ်လောက်များရှိနေမလဲဆိုတာတွေကို ဖော်ပြရိုက်ကူးထားတဲ့ တကယ့်ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ ကြည့်သင့်တဲ့ကားတစ်ကားလို့ ညွှန်းချင်ပါတယ်။
IMDb rating 6.3 Rotten Tomatoesမှာ 61%နှင့်တခြားဝေဖန်မှုကောင်းတွေလည်းရထားပြီးနာမည်ကြီးမင်းသမီးကြီး Laura Dernလည်းပါဝင်ထားပါတယ်…..Crd: Channel Myanmar
Related