ကြောက်စရာမကောင်းဘဲ ချစ်ဖို့ကောင်းတဲ့သရဲမလေး ပါတဲ့ ဟာသဖန်စီ ဇာတ်မြူး ကားလေးနဲ့ မိတ်ဆက်ပေးပါမယ်။ ဇာတ်လမ်းလေးကတော့ အဖေအိုကြီးဆုံးသွားပြီးနောက် တစ်ကိုယ်ထဲအထီးကျန်နေတဲ့ အမေဖြစ်သူကို ပြုစုဖို့မိသားစုတစ်စု နယူးယော့ကနေ မီယာမီကိုပြောင်းရွေ့လာခဲ့ပါတယ်။
နယူးယော့ကအိမ်ကိုရောင်းပြီး အမေ့အိမ်နဲ့ မနီးမဝေးက အိမ်တစ်လုံးကို ဝယ်ပြီး မီယာမီကိုပေါက်ချလာတဲ့မိသားစု ဖြစ်ချင်တော့ ပေါင်ချောင်ကောင်းဆိုပြီးဝယ်လိုက်တဲ့ အဲ့အိမ်ကြီးက မီယာမီမှာ နာမည်ကြီးသရဲခြောက်တဲ့အိမ်ကြီးဖြစ်နေပါတယ်။
အရင်အိမ်ရှင်တွေဖနောင့်နဲ့တင်ပါး တသားထဲကျအောင်ထွက်ပြေးရသည်အထိ ခြောက်လှန့်တာ ကြမ်းတဲ့ ဒီအိမ်ကိုသူတို့မိသားစုဘယ်လိုများနေကြမလဲ။
တစ်ဖက်ကလဲ အဲ့အိမ်ကြီးမှာ မကျွတ်မလွတ်ဖြစ်နေတဲ့ မောင်နှမ၂ယောက်က သူတို့အိမ်ကြီးနဲ့ထိုက်တန်တဲ့သူ မလာမချင်း ခြောက်လှန့်လျက်ရှိပါတယ်။ သရဲမောင်နှမနဲ့ မိသားစုထဲက သားအကြီးနဲ့ သမီးလေးတို့နဲ့ ဘယ်လိုရှေ့ဆက်လဲဆိုတာတော့ ကြည့်လိုက်ကြပါဦး…….Crd: Channel Myanmar
Related