ဒီတစ်ခါတော့အသစ်ထွက်ရှိလာတဲ့ ကာတွန်းကားလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းလေးနာမည်ကတော့ Trolled (2018)ပါ။
ဒီဇာတ်လမ်းလေးရဲ့အကျဉ်းကတော့ ဝှီးမှင်စာတိုင်းပြည်မှာCupcakeဆိုတဲ့ မင်းသမီးချောလေးတစ်ပါး ရှိပါတယ်။ အဲ့ဒီမင်းသမီးလေးကို ခမည်းတော်ဖြစ်သူ ဘုရင်ကြီးဘေဆယ်လ်က အရမ်းချစ်လွန်းလို့ နန်းတော်ထဲမှာပဲ အန္တရာယ်ကင်းကင်းနေစေပါသတဲ့။
တစ်နေ့တော့ ထုံထိုင်း မှုန်မှိုင်း အုံ့ဆိုင်း ဂါထာကိုသုံးကာ တိုင်းပြည်ကိုသိမ်းသွားတဲ့ရန်သူတစ်ယောက်ရဲ့လက်ထဲကနေ တိုင်းပြည်ကိုပြန်လည်ကယ်တင်ဖို့အတွက် မင်းသမီးလေးဟာ စွန့်စွန့်စားစားကယ်တင်ရပါတော့တယ်။
ဇာတ်လမ်းဇာတ်အိမ်လေးကတော့ကောင်းမွန်ပေမယ့် အားလုံးအကြိုက်နဲ့ထပ်တူကျဖို့တော့ ခဲယဉ်းမယ်လို့တော့ပြောချင်ပါတယ်။ကြိုက်မကြိုက်ကိုတော့ ဇာတ်ကားလေးကိုကြည့်ရှုရင်းဆုံးဖြတ်ကြပါလို့ပဲ ညွှန်းလိုက်ချင်တာပါ……Credit: Channel Myanmar
Related