ကျောက်ရိုင်းတုံး သို့မဟုတ် မသွေးရသေးတဲ့ ကျောက်ပေါ့။ ဒီကျောက်တစ်တုံးပတ်မွှေတာနဲ့တင် တိုင်လည်နေတဲ့ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော် ဟောဝပ်ရပ်တနာ Click ကားနဲ့နာမည်ကြီးခဲ့တဲ့ မင်းသားကြီးAdam Sandler ကိုမြင်ရမှာပါ။
အဲ့ဘဲကြီးကားတွေဆိုကတည်းက လုံးဝ ပြဿနာပေါင်းစုံနဲ့ မရိုးရတဲ့ကားတွေပဲ ဖြစ်တယ်ဆိုတာကို အားလုံးလည်း သိကြမှာပါ။
ဒီကားမှာလည်း တချိန်လုံးပြဿနာတက် ကွိုင်တက်တိုင်တွေပတ်နေတာကိုမြင်ရမှာပါ။
လက်ဝတ်ရတနာဆိုင်ရှင် ဟောဝပ်ရပ်တနာတစ်ယောက် အီသီယိုးပီးယားက ရောင်ပြေးရွဲကျောက်လေးတစ်လုံးရလာချိန် အဲ့ကျောက်နဲ့ဘယ်လိုတွေ အရှုတ်အထွေးတွေ ဖြစ်မလဲကြည့်ရမှာပါ။
ကြည့်ရင်းကြည့်ရင်း ကိုယ်တိုင်ပါ တိုင်ပတ်သလိုဖြစ်လာပါလိမ့်မယ်။
လောင်းကစား ဝါသနာအိုးကြီးဖြစ်တဲ့ဟောဝပ် အိမ်ထောင်ရေးလူမှုရေးနဲ့စီးပွါးရေး သုံးရပ်လုံးမှာ ပြဿနာအလီလီတက် သူ့ကိုဆိုဘယ်သူမှမယုံကြည်ချင်ဖြစ်လောက်အောင် ကံကလဲမျက်နှာသာ မလိုက်ခဲ့ပါဘူး။
မျက်နှာသာလိုက်တဲ့ခါကျပြန်တော့လဲ မမျှော်လင့်ထားတဲ့ဘယ်လို ကိစ္စတွေထပ်ဖြစ်မလဲကတော့ ပရိတ်သတ်ကြီးကိုယ်တိုင်ပဲကြည့်ကြည့်ပါ။
IMDbမှာ8ရထားပြီး RottenTomatoes မှာ93%နဲ့ လတ်လတ်ဆတ်ဆတ်ကြီးဆိုတော့ ဘဝမှာအမြဲအဆင်ပြေနေတဲ့ ပရိတ်သတ်တွေအနေနဲ့ ရသမြောက်စွာ အရှုတ်အထွေးတွေပြည့်နေတဲ့ ဒီကားကို လွန်စွာမှ သဘောကျလိမ့်မယ်လို့ ညွှန်းဆိုလိုက်ပါတယ်…Crd: Channel Myanmar
Related