ဒီကားလေးကတော့ လျှို့ဝှက်ချက်တွေများစွာ twistတွေများစွာနဲ့ သေချာကြည့်ရမယ့်သိပ္ပံကားလေးတကားပါ။ IMDb 7 တောင်ရထားတဲ့ကားလေးပါ။
သိပ္ပံပညာရှင်တယောက်ဟာ နနိုဘော့လို့ခေါ်တဲ့ မှတ်ဉာဏ်တွေကို လိုသလိုပြောင်းလဲနိုင်မယ့် စက်ပစ္စည်းတမျိုးကို တီထွင်ပြီး အစိုးရကိုချပြခဲ့ပါတယ်။
ဒါပေမယ့် သူ့အဆိုကိုဘယ်သူမှလက်မခံပဲ စီးပွားရေးအရ အသုံးချချင်တဲ့လူတွေကသာ လာကမ်းလှမ်းကြပါတယ်။ အဲ့ဒါကိုငြင်းပယ်ခဲ့ပေမယ့် အဲ့အချိန်မှာပဲ သူ့သမီးအသတ်ခံလိုက်ရတယ့်အခါ သူ့သမီးကိုသတ်သွားတဲ့ တရားခံကို လိုက်ရှာရင်း ဘယ်လိုအလှည့်အပြောင်းတွေဖြစ်လာမလဲ၊ ဘာလျှို့ဝှက်ချက်တွေပေါ်လာမလဲ ဆိုတာတော့ ဒီကားလေးထဲမှာကြည့်ကြည့်လိုက်ကြပါနော်?
ဇာတ်ကားက twistတွေ အရမ်းများတာကြောင့် သေချာစိတ်ဝင်တစားကြည့်ရင် အရမ်းကိုကောင်းပြီး အကြမ်းဖက်မှုတွေနဲ့ပါပတ်သက်တဲ့ ကားကောင်းလေးတကားပါ…..Crd: Channel Myanmar
Related