Vs (2019) ဒီဇာတ်ကားလေးက Battle တွေကို သဘောကျတဲ့ Rap ကိုချစ်ကြတဲ့ လူငယ်တွေအတွက်ပါ။ ကျွန်တော် အရင်က Battle ဆိုတာ အရင်က တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး တလှည့်စီဆဲကြတာလို့ထင်ခဲ့တာပါ။
ဒီဇာတ်ကားကြည့်ပြီးတော့မှ Battle Rap ဆိုတာ လူငယ်တွေ ဘောင်တွေစည်းတွေမထားဘဲ ကိုယ့်အမြင်ကို လွတ်လွတ်လပ်လပ်ထုတ်ဖော်ရင်း ဖျော်ဖြေရတဲ့ လူငယ်ယဉ်ကျေးမှု အနုပညာတစ်ရပ်လို့ နားလည်လာပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ အမေက လူမှုကူညီရေးအသင်းမှာ စွန့်ပစ်ခံသွားရတဲ့ ကောင်လေး Adam တစ်ယောက် ပြဿနာ အမျိုးမျိုးတက်ပြီး နေရာအမျိုးမျိုးပြောင်းနေရပါတယ်။
ဇာတိမြို့ကိုပြန်ရောက်လာပြီး မမျှော်လင့်တဲ့ ပုံစံနဲ့ Makayla ဆိုတဲ့သူငယ်ချင်း အသစ်တစ်ယောက်ရလာပြီး Battle တွေ စပြီးတွေ့ခဲ့ရပါတယ်။
မျှော်လင့်မထားတဲ့ Battle တစ်ခုကို ရင်ဆိုင်ခဲ့ရပြီးနောက်မှာ နာမည်ကြီးလာတဲ့ Adam တစ်ယောက်တကယ့် Battle တွေမှာ ရင်ဆိုင်တိုက်ခိုက်ရင်း ဘာတွေဖြစ်လာမလဲဆိုတာကိုBeat လေးတွေနဲ့ အတူ ခံစားကြည့်ကြတာပေါ့….Crd: Channel Myanmar
Related