ရင်ခုန်စိတ်လှုပ်ရှားစရာအက်ရှင် ဇာတ်ကားလေးတွေကိုမှ ကြည့်ချင်ပါတယ်ဆိုတဲ့ ပရိသတ်ကြီးအတွက် ၂၀၁၉ ထဲမှာ ထွက်ရှိထားတဲ့ Welcome to Acapulco ဆိုတဲ့ ဇာတ်ကားသစ်လေး တင်ဆက်ပေးပါမယ်….
နယူးယောက်က ဂိမ်းတွေကို ဒီဇိုင်းရေးတဲ့ ပရိုဂရမ်မာလေးတစ်ယောက်ဟာ အလုပ်ကိစ္စနဲ့ နယူးမက္ကဆီကိုကို သွားဖို့လေဆိပ်မှာ လေယာဉ်စောင့်နေရင်း မိတ်ဆွေတစ်ဦးနဲ့မထင်မှတ်ဘဲတွေ့ပြီး သောက်ကြစားကြရင်း ရေချိန်လွန်သွားခဲ့ပါတယ်…
အမူးလွန်ပြီးသတိပြန်ရလာချိန်မှာ သူဟာလေယာဉ်ပေါ်ရောက်နေပြီးဖြစ်ပြီးတော့ သူစီးလာခဲ့တဲ့ လေယာဉ်ဟာနယူးမက္ကဆီကိုမဟုတ်ဘဲ အရင်မက္ကဆီကိုကိုဖြစ်နေပါတယ်…လေယာဉ်မှားစီးလာပြီပေါ့…
ဒါကြောင့် နယူးမက္ကဆီကို ကို ပြန်စီးဖို့ လေယာဉ်လက်မှတ်ဝယ်သော်လည်း နောက်နေ့မှ လက်မှတ်ရမှာဖြစ်တဲ့အတွက် ရောက်ရာအရပ်မှာပဲ တစ်ရက်လောက်နေဖို့ ဆုံးဖြတ်လိုက်ချိန်မှာတော့ ဘာကြောင့်မှန်းမသိတဲ့ အကြောင်းကိစ္စတစ်ခုကြောင့်အက်ဖ်ဘီအိုင်တွေ စီအိုင်အေတွေ လူဆိုးဂိုဏ်းတွေ စုပြုံ ပြီး အမဲလိုက်သလို သူ့နောက်ကို လိုက်ကြပါတော့တယ်….
ဘာကြောင့်များဖြစ်မလဲ ..သူ့အသက်ဘေးက နေလွတ်ပါ့မလား…ဘယ်လိုတွေရုန်းထွက်မလဲ…သူ့နောက်ကိုရော အဖွဲ့ပေါင်းများစွာက ဘာဖြစ်လို့လိုက်နေတာလဲ…ကိုယ်တိုင်ပဲ…ကြည့်ရှုခံစားတော်မူကြပါ……Crd: Channel Myanmar
Related