ထိုင်းကားကောင်းကောင်းလေးစောင့်နေကျတဲ့သူတွေအတွက်ပါ။
လူငယ်ဆန်ဆန်ဇာတ်ကားကောင်းလေးပါ။
စူးဆိုတဲ့ကောင်မလေးဟာသူ့အဖေခေါက်ဆွဲဆိုင်လေးမှာခေါက်ဆွဲကူရောင်းပေးပြီးကျောင်းတက်နေတဲ့ကောင်မလေးပါ။
တစ်ရက် ကျောင်းရဲ့စကော်လားရှစ်ဝင်လျှောက်ရင်း ဖင်လန်နိုင်ငံကိုပညာတော်သင်သွားဖို့ အခွင့်အလမ်းပေါ်လာပါတယ်။
ဒါပေမယ့် အဖေဖြစ်သူကတော့ ဆိုင်မှာပဲစီးပွားရေးဆက်လုပ်စေချင်ပြီး မလွှတ်ချင်ပါဘူး။
စူးကလည်းဒီနေရာကလွဲလို့ဘယ်နေရာကိုပဲဖြစ်ဖြစ်ထွက်သွားနိုင်ရင်ရပြီလို့ဆုံးဖြတ်ချက်ချထားပါတယ်။
စူးမှာဘဲလ်လို့ခေါ်တဲ့သူငယ်ချင်းတစ်ယောက်ရှိတယ်စူးဘာတွေလုပ်လုပ်အမြဲစူးဘက်ကကာကွယ်ပေးတဲ့သူပေါ့။
ဒါပေမယ့်စူးထွက်သွားမှာကိုတော့သဘောမကျတဲ့သူပေါ့။
စူးဒီကနေထွက်သွားလို့ရအောင်ဘဲလ်ကကူညီမလား၊ စူးကရောဘဲလ်နဲ့ရှိနေရင်းထွက်သွားချင်ပါ့ဦးမလား၊ ဘာတွေစိတ်ကူးပြောင်းမလဲ၊ သူ့အဖေလွှတ်အောင်ရောသူဘယ်လိုကြိုးစားမလဲ၊ နောက်ဆုံးဆုံးသွားပြီဖြစ်တဲ့သူ့အမေပါပါလာတဲ့အခါမှာရော….ကောင်မလေးတစ်ယောက်သူနေနေတဲ့နေရာကသူနဲ့မအပ်စပ်ဘူးလို့တွေးမိရာကနေအသစ်တွေကိုသင်ယူချင်လာတဲ့အကြောင်းကိုသေချာရိုက်ပြထားတဲ့ကားလေးတစ်ကားပါ…..Crd: Channel Myanmar
Related