ဒီကားလေးကတော့ လူတွေနဲ့ပေါင်းသင်းဆက်ဆံဖို့ကို တွန့်ဆုတ်တဲ့ အောင်မြင်ကျော်ကြားတဲ့ ဗိသုကာပညာရှင်တစ်ယောက်ရဲ့ ဘဝအခက်အခဲတွေ ပြဿနာတွေ ရင်ဆိုင်တာတွေကို သေချာရိုက်ကူးထားတဲ့ မိသားစုဒရမ်မာဇာတ်ကားကောင်းလေးပါ။
ဘာနန်ဒတ်ဆိုတဲ့ မိန်းမတစ်ယောက်က တစ်ချိန်က အရမ်းကို အောင်မြင်ကျော်ကြားတဲ့ ဗိသုကာပညာရှင်တစ်ယောက်ဖြစ်တဲ့အပြင် ပြီးပြည့်စုံတဲ့ခင်ပွန်းရယ် မကြာခင် နိုင်ငံခြားမှာကျောင်းသွားတက်တော့မယ့် သမီးလေးရယ်နဲ့ ပျော်ရွှင်နေခဲ့ပေမယ့် အကြောင်းတစ်ခုကြောင့် လူကြားထဲကနေ ပျောက်ကွယ်ပြီး စီရက်တယ်မှာပဲ တိတ်တဆိတ် မိသားစုနဲ့အတူ နေထိုင်နေခဲ့ပါတယ်။
အဲဒီအကြောင်းပြချက်ကြောင့်ပဲ သူက လူတွေနဲ့ပေါင်းသင်းဆက်ဆံရာမှာ ပြဿနာရှိနေခဲ့ပြီး အချိန်ကြာလာတော့ယောကျာ်းကပါ သူ့ကို စိတ်ရောဂါဖြစ်နေတယ်ဆိုပြီး စိတ်ရောဂါကုတဲ့နေရာကိုပို့ပါတော့တယ်။
အဲဒီမှာပဲ ဘာနန်ဒတ်တစ်ယောက် ထွက်ပြေးလာပြီး အန္တာတိကကို ရောက်သွားတဲ့အခါမှာသူ့သမီးလေးက သူ့အမေပျောက်သွားလို့ လိုက်ရှာဖို့ကြိုးစားတဲ့အခါ ဘာနန်ဒတ်တစ်ယောက် အထင်အမြင်လွဲနေတာတွေကို ဘယ်လိုဖြေရှင်းမလဲ။
သူ့သမီးလေးနဲ့ရော ပြန်ဆုံနိင်မလား။ သူ့ယောကျာ်းနဲ့ရော ပြန်လည်အဆင်ပြေမလား။
သူကိုယ်တိုင်ရော ဘယ်လို ပြန်လည်ရုန်းထမလဲဆိုတာတွေကို ကြည့်ရှုရမယ့်ဇာတ်ကားကောင်းပါ။
ဘဝကို အရှူံးမပေးတဲ့ မိန်းမတစ်ယောက်ရဲ့အကြောင်းကို မပျင်းရအောင် သေချာရိုက်ပြထားတဲ့အပြင် အန္တာတိကရဲ့အလှတရားတွေ ပင်ဂွင်းလေးတွေကိုပါကြည့်ရမှာပါ…..Crd: Channel Myanmar
Related