စာရေးဆရာ Jack Landon ရေးသားခဲ့တဲ့ White Fang စာအုပ်ကို Animation အနေနဲ့ပြန်လည် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ IMDB အနေနဲ့ကတော့ 6.9 အထိရရှိထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။
သစ္စာစောင့်သိပြီး ကျေးဇူးတရားကို နားလည်တဲ့ ခွေးဝံပုလွေတစ်ကောင်အကြောင်းကို ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ တင်ဆက်ထားခြင်းပဲဖြစ်ပါတယ်။
ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ White Fang ဆိုတဲ့ ခွေးဝံပုလွေလေးဟာ မိခင်ဖြစ်သူနဲ့နေထိုင်ရင်း ဒုက္ခတွေတွေ့ကြုံခဲ့ရာမှ မိခင်ရဲ့သခင်ဟောင်းဖြစ်သူဆီ ပြန်သွားခဲ့ကြပါတယ်။ အရွယ်ရောက်ပြီးကြီးပြင်းလာတဲ့ White Fang ဟာ သခင်ရဲ့ငွေကြေးအခက်အခဲကြောင့် မသမာသူတွေလက်ထဲ ရောင်းစားခံရပါတယ်။
White Fang ဟာ မသမာသူတွေရဲ့ ခွေးတိုက်ပွဲမှာ ဝင်ရောက်တိုက်ခိုက်ခိုင်းခံရပြီး ပိုက်ဆံတွေရှာပေးခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ ယူအက်စ်အရာရှိ ဝှင်းမ်ဒွန်စကော့နဲ့ တွေ့ဆုံခဲ့ပြီး ဘဝသစ်တစ်ခုရရှိခဲ့ပါတယ်။
White Fang ကိုပြန်လည်ရယူဖို့ ကြိုးစားနေတဲ့ မသမာသူတွေဟာလည်း အရာရှိနှင့်ရန်ငြိုးရှိထားသူတွေဖြစ်ပါတယ်။ အရာရှိကြီးနဲ့ White Fang ဟာ ဒီအခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲ။ သူတို့နှစ်ဦးရဲ့ ကံကြမ္မာတွေဟာလည်း ဘယ်လိုမျိုးတွေကြုံတွေ့ရမလဲဆိုတာကို စိတ်ဝင်တစားနဲ့ဆက်လက် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်……Crd: Channel Myanmar
Related