ဒီဇာတ်ကားဟာ တကယ့်ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ \
ဒီဇာတ်ကားထဲမှာပါတဲ့ Winchester မိသားစုဟာလည်း အမှန်တကယ်ရှိခဲ့ပြီး အဆိုပါ Mrs.Winchester ဟာလည်း အမှန်တကယ် သူ့ရဲ့မပြီးဆုံးနိုင်တဲ့ အိမ်ကိုတည်ဆောက်ရင်း သေဆုံးခဲ့တာပဲဖြစ်ပါတယ်။
ယခုထက်ထိအဆိုပါ အိမ်ကြီးဟာ အမေရိကန်ပြည်ထောင်စုမှာ စိတ်ခြောက်ခြားဖွယ်အကောင်းဆုံးအိမ်ကြီးအဖြစ် ရှိနေဆဲပဲဖြစ်ပါတယ်။
ဒီဇာတ်ကားမှာ Dr.Prices ဟာသဘာဝလွန်ဖြစ်ရပ်တွေကို မယုံကြည်သူဖြစ်ပြီး အားလုံးဟာလူ့စိတ်နဲ့စေခိုင်းရာအတိုင်း ကြိုးဆွဲရာကပြနေတာပဲဖြစ်တယ်လို့ ယုံကြည်ထားတဲ့စိတ်ရောဂါကုဆရာဝန်တစ်ဦးပဲဖြစ်ပါတယ်။
Mrs.Winchester ရဲ့ထူးဆန်းတဲ့အပြုအမူတွေကြောင့် သူ့ကိုဖိတ်ခေါ်ဆေးစစ်စေရမှာတော့ သူတစ်သက်လုံးယုံကြည် ကိုင်စွဲလာတဲ့ သဘောတရားတွေကို သံသယဝင်လာစရာတွေဖြစ်လာတော့တာပါပဲ။
Dr.Prices ကိုမှဘာကြောင့် ရွေးချယ်ရတာလဲ၊ ဒီအိမ်ကြီးကဘာတွေဆက်စပ်မှုရှိပြီး စိတ်ဝင်စားစရာတွေနဲ့ပြည့်နှယ့်နေရတာလဲ၊ Mrs. Winchester ဟာဘာကြောင့် သူ့အိမ်ကိုမပြီးနိုင်မစီးနိုင်အောင်တည်ဆောက်နေရတာလဲ၊ အိမ်ကြီးရဲ့လျှို့ဝှက်ချက်ရောဘာလဲဆိုတာ စိတ်ဝင်စားစရာပါ။
ပိုစိတ်ဝင်စားစရာက ဒီဖြစ်ရပ်ဟာအမှန်တကယ်ဖြစ်ခဲ့တာကြောင့်ပါပဲ။
ဇာတ်ကားမထွက်ကတည်းက အာရုံစိုက်မှုတွေခံထားရတဲ့ ဇာတ်ကားလေးဖြစ်သလို Horror ကြိုက်တဲ့သူတွေအတွက်ရော စိတ်ဝင်စားစရာတွေကို ကြိုက်တဲ့သူတွေအတွက်ပါ ဒီဇာတ်ကားဟာ စိတ်ဝင်စားမှုအပြည့်နဲ့ ကြည့်ရှုနိုင်မယ့်ကားလေးပဲဖြစ်ပါတယ်……Credit: Channel Myanmar
Related