“ဟဲ့ မသာမကြီး သေချင်းဆိုးကြီး အနူကြီး ဟိုကောင်မ” စတဲ့ ခပ်ရိုင်းရိုင်းအသုံးအနှုံးမျိုးနဲ့ နှုတ်ဆက်ပေမယ့် မျက်နှာတွေကပြုံးချိုနေတဲ့ ငယ်ပေါင်းကြီးပေါ်သူငယ်ချင်းတွေ လူတိုင်းမှာရှိကြတယ်….
အထူးသဖြင့် State ကျောင်းသား ကျောင်းသူဘဝက သူငယ်ချင်းတွေပေါ့…
အရွယ်လေးရောက်လာတော့ လောကကြီးကိုဖြန့်ကျက်ဖို့ရာ ကိုယ်အားသန်ရာနေရာကိုယ်စီကို လျှောက်လမ်းကြရင်း တဖြည်းဖြည်း ကျွန်တော်တို့ငယ်သူချင်းတွေဟာ ဝေးကွာမှန်းမသိဝေးကွာကုန်တယ်..
ဘဝကိုယ်စီရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ကစဉ့်ကလျှားမဖြစ်အောင် အံကြိတ်ထမ်းပိုးရင်း ငယ်သူငယ်ချင်းတွေနဲ့ ပြန်ဆုံဖို့ အခွင့်အရေးဆိုတာ နောက်ဆုံးမှလုပ်ရမယ့် အစီအစဉ်ထဲကိုရောက်မှန်းမသိရောက်ကုန်ကြတယ်…
ခရီးအတူထွက်ဖို့ ဆိုင်မှာအတူဆုံပြီး စားကြဖို့ မျိုးစုံကြိုးစားကြပေမယ့် ငယ်သူချင်းတွေနဲ့ပြန်ဆုံဖို့ဆိုတာ တိမ်ထဲမှာစာရေးသလိုပါပဲ…
ကိုယ့်ဆန္ဒထက်ဦးစားပေးရမယ့် လက်ရှိဘဝလေပွေလည်း တစ်ချက်တိုက်လိုက်ရုံနဲ့ ကျွန်တော်တို့အစီအစဉ်တွေပျက်ကုန်ကြတာပဲမဟုတ်လား….
ခင်ဗျားတို့အားလုံး ဒီလိုအဖြစ်မျိုးမကြုံဘူးတဲ့ သူခပ်ရှားရှားပါပဲ…
ဇာတ်လမ်းအညွှန်းကတော့ ဒီကားထဲမှာတော့ ငယ်ပေါင်းကြီးဖော် သူငယ်ချင်းတွေဟာ သူတို့အုပ်စုထဲက သူငယ်ချင်းတစ်ယောက်ရဲ့ အသက် ၅၀ပြည့် မွေးနေ့အတွက် ခရီးစုထွက်ဖို့ကြိုးစားကြတယ်…
ကျွန်တော်တို့လိုတော့ မဟုတ်ဘူးပေါ့..
သူတို့အဖွဲ့တွေကတော့တကယ်ကိုဆုံဖြစ်ခဲ့ကြတယ်…
ငယ်သူငယ်ချင်းတွေပြန်ဆုံတော့ တကယ့်ကို ပွင့်ပွင့်လင်းလင်း ပြောစရာရှိပြောကြဆိုကြနဲ့ပေါ့…
ဒီကားလေးကိုကြည့်ရင်း ရယ်စရာလေးတွေတွေ့ရသလို ပြန်ဆုံကြတဲ့အခိုက်အတန့်မှာ သူတို့သောင်းကျန်းတဲ့ပုံတွေကိုလည်း ဟာသလေးတွေနှောပြီးတွေ့ရလိမ့်မယ်… ခံစားကြည့်လိုက်ပါဦးလို့…ပြောပါရစေ… Crd: Channel Myanmar
Related