Wish Man (2019) ဒီဇာတ်လမ်းလေးဟာ Make a Wish Foundation ဖြစ်ပေါ်လာပုံလေးကို တင်ဆက်ပေးထားတာဖြစ်ပါတယ်…
ဒီ Foundation ကို April 29, 1980 တွင် စတင်တည်ထောင်ခဲ့ပြီး Founder ဖြစ်တဲ့ Frank Shankwitz ရဲ့ ဘဝဇာတ်ကြောင်းကိုလည်း ဒီဇာတ်ကားထဲမှာ တွေ့ရမှာဖြစ်ပါတယ် …
True Story ကို အခြေခံထားတဲ့ဇာတ်လမ်းမို့လို့ အားလုံးလည်းစိတ်ဝင်စားကြမယ်ထင်ပါတယ်..
အဝေးပြေးလမ်းမပေါ်က ယာဉ်ထိန်းရဲ Frank ဟာ ငယ်စဉ်ကတည်းက ဖခင်နှင့်ခွဲခွာခဲ့ရလို့ စိတ်ဒဏ်ရာရနေတဲ့သူပါ….
မတော်တဆဖြစ်ပြီး သေကံမရောက်ခဲ့ပေမဲ့ တရားခံကို လက်ပါတယ်ဆိုပြီး ချောက်ချတရားစွဲခံရတဲ့အချိန်မှာ သူ့ဘဝဗြောင်းဆန်နေပါတယ်…
ဒီအချိန်မှာမမျှော်လင့်ဘဲ ကျန်းမာရေးမကောင်းလို့ ဆုံးပါးခါနီးတဲ့ကောင်လေးတစ်ယောက်ကို အိမ်မက်ကို အကောင်အထည်ဖော်ပေးရင်း ၂၈ နှစ်ကြာကွဲကွာနေတဲ့ ဖခင်နဲ့ပြန်ဆုံတွေ့ခဲ့ရလို့ ဒီကလေးကိုဂုဏ်ပြုတဲ့အနေနဲ့ Foundation ကိုစတင်တည်ထောင်ခဲ့တာပါ…
လူတွေရဲ့ဆန္ဒကိုလိုက်လုပ်ပေးဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်ပေမယ့် သက်တမ်းမစေ့ဘဲ ကြွေလွင့်ရမဲ့ ကလေးတွေအတွက်ကတော့ များပြားတဲ့ ဆန္ဒရှိတတ်တာမဟုတ်ပါဘူး….
ဝေဒနာခံစားရတဲ့ ကလေးတွေအတွက် ဒီလို Foundation တစ်ခုရှိလာတာဟာ အင်မတန်ဝမ်းသာစရာ ကောင်းပါတယ်…
IMDb 6.7/10 ရှိပြီး 91% လူကြိုက်များတဲ့အတွက် လက်လွတ်မခံသင့်ပါဘူးနော်…
ဇာတ်လမ်းရဲ့နူးညံ့သိမ်မွေ့မှုနဲ့အနှစ်သာရတွေကို ကိုယ်တိုင်ခံစားနိုင်ဖို့ အားလုံးပဲ ကြည့်ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်…Crd: Channel Myanmar
Related