အဓိပ္ပါယ် ရှိတဲ့ ကိုရီးယား ရုပ်ရှင်ကားမျိုးကို စောင့်မျှော်နေတဲ့ပ ပရိတ်သတ် တွေ အတွက် ကြည့်ကို ကြည့်သင့်တဲ့ရုပ်ရှင်ကားမျိုးပါပဲ….မှတ်မိကြလား Along with the Gods ရုပ်ရှင်ကားထဲကသေပြီးတဲ့ လူတွေကို လမ်းပြတဲ့ အထဲ စိတ်ကောင်းရှိတဲ့
ပုပု လုံးလုံး ကောင်မလေးကို။
သူမ နာမည် က Kim Hyang Gi ပါတဲ့ Kim ဟာ လက်ရှိအချိန်မှာ အသက် ၁၉ နှစ်ပဲရှိသေးတဲ့ ငယ်ရွယ်တောက်ပတဲ့ အနုပညာရှင်ကောင်းတစ်ယောက်ပါ။
သူမ ပါဝင် သရုပ်ဆောင်ထားတဲ့ Witness (2019) ဆိုတဲ့ရုပ်ရှင်ကားကိုလဲ သိပ်မကြာသေးခင်က ကြည့်ထားကြတယ်ဟုတ်။
ဒီလောက် သရုပ်ဆောင် ကောင်းတဲ့ Kim ပါဝင်ထားတဲ့YoungJu ဆိုတဲ့ ဒီကားလေး မှာရောသူမ ဘယ်လိုတွေ သရုပ်ဆောင်ထားမလဲ?
ယောင်းဂျူ နဲ့ ယောင်းအင် ဆိုတဲ့ မောင်နှမ ၂ ယောက်ရှိတယ်။
ယောင်းဂျူ က အသက် ၂၀ မပြည့်တပြည့်ပဲ ရှိသေးတယ်။ သူ့မောင်လေး ယောင်းအင်ကတော့ ၁၇ နှစ် ဝန်းကျင်ပေါ့။
မောင်နှမ တစ်ယောက်ဟာ ဆင်ခြေဖုံး ရပ်ကွက်က အိမ်တစ်ခုမှာအတူနေထိုင်ကြတယ်။
ချို့တဲ့ ဆင်းရဲစွာပေါ့….ဒီလို ဘာကြောင့် နှစ်ယောက်ထဲ ဖြစ်နေရတာလဲ ဆိုတော့သိပ်မကြာသေးခင် နှစ်အချို့ က ယောင်းဂျူ ကိုယ်တိုင်အသက်ငယ်ငယ်ပဲ ရှိသေးတဲ့ အချိန်မိဘ ၂ ပါးဟာ အကြွေးပတ်လည်ဝိုင်းနေတဲ့ အချိန်မိဘ တွေ ဟာ ကုန်တင်ကား တစ်စီး တိုက်တာ ခံရပြီးပွဲချင်းပြီး သေခဲ့ကြတယ်….
တစ်ချို့ကလဲ မတော်တဆ လို့ ပြောကြတယ်တစ်ချို့ကလဲ အကြွေးရှင်တွေကသတ်ခိုင်းတယ်လို့ပြောကြတယ်။
လူသေမှု အတွက် ၃ နှစ်ဝန်းကျင်လောက်သာလူသတ်သမားကထောင်ထဲမှာ နေလိုက်ရတယ်တရားဥပဒေ က မျက်နှာသာမပေးခဲ့ပါဘူး။ ဘယ်လိုပဲ ဖြစ်နေပါစေ။ မိဘ မရှိ ဆွေမျိုးမရှိတော့တဲ့ယောာင်းဂျူ တို့ မောင်နှမ၂ ယောက် က ကမ္ဘာပေါ်မှာသူတို့ ၂ ယောက်ပဲ ရှိနေသလား ထင်ရအောင်ချို့တဲ့ ဆင်းရဲစွာ နေရတယ် စားဝတ်နေရေးအတွက် ကျပန်း အလုပ်တွေလုပ်ပြီး ပိုက်ဆံရှာရတယ်။
အသက် ၂၀ အရွယ် နဲ့ မလိုက်အောင်ယောင်းဂျူ ဟာ ပင်ပန်း ဆင်းရဲနေရတာပေါ့….တစ်ရက်မှာတော့ မောင်ဖြစ်သူ ယောင်းအင်ရန်ဖြစ်လို့ အချုပ်ထဲ ရောက်ပါလေရော။ ပြန်ရွေးရဖို့ ပိုက်ဆံလဲ မရှိ အလုပ်လဲ မရှိတဲ့ယောင်းဂျူလေး မှာ ကမ္ဘာပျက်နေခဲ့တာပေါ့။ သူ မလုပ်သင့် မလုပ်ထိုက်တဲ့ လမ်းကိုရွေးချယ်ခဲ့သော အခါ….Crd: Channel Myanmar
Related