ပိတ်ရက်မှာကိုယ်တွေလိုစကြဝဠာကြီးထဲကနေ တိရစ္ဆာန်ဝဠာကြီးထဲခဏသွားလိုက်ကြရအောင်….
ဒီကားထဲမှာတော့ သူတို့အခေါ်တိရစ္ဆာန်ဝဠာကြီးပေါ့…
အဲဒီထဲက ကောင်းတဲ့အခြမ်းနဲ့ မကောင်းတဲ့အခြမ်းတို့ရဲ့ မပြီးဆုံးနိုင်တဲ့စစ်ပွဲကြီး…
သူတို့နဂါးငွေ့တန်းမှာရှိတဲ့ အကုန်လုံးကိုအမှုန့်ဖြစ်သွားအောင်လုပ်ပစ်နိုင်တဲ့ ဆော့စ်ဆိုတဲ့စွမ်းအားကြီးကို မကောင်းတဲ့အခြမ်းကခေါင်းဆောင်ကထိန်းချုပ်ပြီး ဒီစကြဝဠာတစ်ခုလုံးကို ဖျက်ဆီးပစ်ဖို့ ကြိုးစားနေတဲ့အချိန်…
အဲဒါကိုတားဆီးနိုင်မယ့် ကောင်းတဲ့အခြမ်းရဲ့တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်တဲ့ ရွေးချယ်ထားတဲ့သူဆိုတာကြီးကို ရှာပုံတော်ဖွင့်ရင်း ဘယ်လိုအတားအဆီးတွေကိုကျော်ဖြတ်ကြမလဲ….
စစ်ပွဲကြီးကရောဘယ်ကဘယ်လိုအစပြုလာလဲ…
နောက်ဆုံးသူတို့ရှာနေတဲ့သူကိုဘယ်မှာရှာတွေ့မလဲ(ရှာတွေ့တဲ့နေရာကအဆန်းကြီး)…
မကောင်းတဲ့အခြမ်းကခေါင်းဆောင်ကိုဘယ်လိုတွေတိုက်မလဲဆိုတာကို တော်တော်ကိုမထင်ထားတဲ့လှည့်ကွက်လေးတွေနဲ့ရယ်နေရမယ့်ကာတွန်းကားကောင်းလေးတစ်ကားပါ….Crd: Channel Myanmar
Related